ရွေးကောက်ပွဲတစ်ကြိမ်ကြောင့် ဂျပန်အပေါ်မူဝါဒ ပြောင်းလဲသွားမည်မဟုတ်ဟု တရုတ်ပြော

တရုတ်၏ ဂျပန်အပေါ် ထားသည့် မူဝါဒသည် ရွေး ကောက်ပွဲတစ်ခုကြောင့် ပြောင်းလဲသွားမည် မဟုတ်ကြောင်း တ ရုတ်နိုင်ငံခြားရေး ပြောရေးဆိုခွင့်ရှိသူက ယနေ့ ပြောကြားသည်။
ယမန်နေ့က ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် ဂျပန်ဝန်ကြီးချုပ် ဆာနာအဲတာကာအိချိ၏ မဟာမိတ်အဖွဲ့က တောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ပြီး ၎င်းကတိပြုထားသော အခွန်လျှော့ချမှုများနှင့် စစ်အသုံးစရိတ် တိုးမြှင့်မှုများအား လမ်းခင်းပေးခဲ့သည်။
ထိုင်ဝမ်အပေါ် တရုတ်၏ တိုက်ခိုက်မှုသည် ဂျပန်အတွက် ရှင်သန်ရပ်တည်မှုဆိုင်ရာ ခြိမ်းခြောက်မှု အခြေအနေ ဖြစ်နိုင်ပြီး စစ်‌ရေးတုံ့ပြန်မှု ဖြစ်လာနိုင်ကြောင်း နိုဝင်ဘာလအတွင်း တာကာအိချိက ပြောကြားခဲ့ပြီးနောက် ပေကျင်းနှင့် သံတမန်ရေး အငြင်းပွားမှု ဖြစ်စေခဲ့သည်။
ဒီမိုကရေစီစနစ်ဖြင့် အုပ်ချုပ်နေသော ထိုင်ဝမ်အပေါ် အ ချုပ်အခြာပိုင်ဆိုင်ကြောင်း တရုတ် ပြောကြားမှုအပေါ် ထိုင် ဝမ်အစိုးရက ပယ်ချထားသည်။
ဂျပန်ဝန်ကြီးချုပ်အနေဖြင့် ထိုင်ဝမ်နှင့်ပတ်သက်သော ၎င်း၏မှတ်ချက်ကို ပြန်ရုပ်သိမ်းရန် တရုတ်က တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ လင်ကျန်းက တနင်္လာနေ့ ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

image