ရုရှား‌ထောက်လှမ်း‌ရေးကို လုပ်ကြံသူကို ဒူဘိုင်းတွင် ဖမ်းမိ

မော်စကိုမြို့ရှိ ရုရှားစစ်ဘက်ထောက်လှမ်းရေး အကြီးတန်းအရာရှိ ဗလာဒီမာ အလက်ဆီယက်ဗ်အား ပ-စ်ခတ်ခဲ့သူဟု သံသယရှိသောအမျိုးသားကို ဒူဘိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း ရုရှားဖက်ဒရယ်လုံခြုံရေးဌာန(အက်ဖ်အက်စ်ဘီ) ထောက်လှမ်းရေးအေဂျင်စီက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။
သံသယရှိသူသည် အသက် ၆၀ ပြည့်လွန်အရွယ် ရုရှားနိုင်ငံသား လူဘိုမီယာ ကော်ဘာဖြစ်သည်ဟု အက်ဖ်အက်စ်ဘီက အမည်ထုတ်ပြန်ခဲ့ပြီး ၎င်းကို အာရပ်စော်ဘွားများနိုင်ငံတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် ရုရှားသို့ တရားခံ ကိုလွှဲပြောင်းပေးခဲ့ကြောင်း ပြောကြားခဲ့သည်။
နောက်ထပ်အမျိုးသားတစ်ဦးကို မော်စကိုတွင် ဖမ်းမိခဲ့ပြီး ‌ေ-သနတ်သမား၏ ကြံရာပါအဖြစ် သံသယရှိအမျိုးသမီးတစ်ဦးမှာမူ ယူကရိန်းကို ထွက်ပြေးခဲ့သည်ဟု အက်ဖ်အက်စ်ဘီကို ကိုးကား၍ တာ့စ်သတင်းဌာနက တနင်္ဂနွေနေ့တွင် သတင်းဖော်ပြခဲ့သည်။
ပစ်ခတ်မှုတွင် သံသယရှိသူနှစ်ဦးကို မကြာမီ စစ်ဆေးမေးမြန်းမည်ဟု ပြောကြားကြောင်း စနေနေ့တွင် စုံစမ်းစစ်ဆေးမှုနှင့် နီးစပ်သော သတင်းရင်းမြစ်တစ်ခုကို ကိုးကား၍ ရုရှားသတင်းစာ ကွန်းမားဆန့်က ဖော်ပြခဲ့သည်။
ရုရှားစစ်ဘက်ထောက်လှမ်းရေးဌာန ဂျီအာယူ၏ ဒုတိယအကြီးအကဲ အလက်ဆီယက်ဗ်သည် သောကြာနေ့က မော်စကိုရှိ တိုက်ခန်းတစ်ခုတွင် အချက်ပေါင်းများစွာပ-စ်ခတ်ခံခဲ့ရခြင်းဖြစ်ကြာင်း စုံစမ်းစစ်ဆေးသူများက ပြောဆိုခဲ့သည်။
သမ္မတ ဗလာဒီမာပူတင်၏ ရုရှားသူရဲကောင်းဆုတံဆိပ်ဖြင့် အသိအမှတ်ပြုခံထားရသည့် အသက် ၆၄ နှစ်အရွယ် ဗိုလ်ချုပ်ကြီး၏ ဒ-ဏ်ရာအခြေအနေသည် ပြင်းထန်ပြီး ခွဲစိတ်ကုသမှုခံယူရန်လိုအပ်သည်ဟု သတင်းများထွက်ပေါ်နေသည်။
အမည်မသိ ‌ေ-သနတ်သမားတစ်ဦးသည် အလက်ဆီယက်ဗ်ကို ‌ေ-သနတ်ဖြင့် အချက်ပေါင်းများစွာပ-စ်ခတ်ပြီးနောက် အခင်းဖြစ်နေရာမှ ထွက်ပြေးသွားခဲ့ကြောင်း စုံစမ်းစစ်ဆေးသူများက သောကြာနေ့တွင် ပြောကြားခဲ့သည်။
ဖြစ်စဉ်ကို လူသ-တ်ရန်ကြိုးပမ်းမှုအဖြစ် အာဏာပိုင်များက ရာဇဝတ်မှုဖွင့်ကာ ဆောင်ရွက်လျက်ရှိသည်။

image