1 ပတ် - ဘာသာပြန်ပါ။

ဒလအိမ်ခြံမြေစျေး အဆမတန် မြင့်တက်နေပေမယ့် အရောင်းအဝယ် အေးနေ

ရန်ကုန် - ဒလတံတား ဖွင့်လှစ်ပြီးနောက် ဒလမြို့မှာ အိမ်ခြံမြေစျေးတွေ အဆမတန် မြင့်တက်လာပေမယ့် အရောင်းအဝယ် အေးနေဆဲ ဖြစ်တယ်လို့ အိမ်ခြံမြေ အကျိုးဆောင်တွေက ပြောပါတယ်။
လက်ရှိမှာ ဒလ အိမ်ခြံမြေဈေးတွေဟာ တံတားမပြီးခင်ကထက် ၃၅ ရာခိုင်နှုန်းဝန်းကျင် ထပ်မံ မြင့်တက်လာတာ ဖြစ်ပေမယ့် အဝယ်မလိုက်ဖြစ်နေပြီး အများစုက ဈေးကွက် အခြေအနေကို စောင့်ကြည့်နေကြတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်တယောက်က ပြောပါတယ်။
“ဒလ အိမ်ခြံမြေဈေးကတော့ တက်တာတော့ မှန်တယ်။ ဒါပေမယ့် ဝယ်သူမှမရှိတာ။ investor တွေရော၊ investment တွေရောကတော့ လက်ရှိအနေအထားမှာ ငြိမ်နေတယ်။ ရောင်းသူတွေကလည်း ဒီတံတားကြီး ပြီးသွားပြီဆိုတဲ့နောက်မှာ ဈေးပိုလိုချင်လာကြတာပေါ့။ အဲဒီတော့ ကြိုက်ဈေးတွေ အပြိုင်အဆိုင် ခေါ်ကြတယ်။ ဒါပေမယ့်လည်း တကယ်တမ်းကျ မြေပြင်မှာက အဲဒီဈေး မပေးကြဘူး” လို့ သူက ပြောပါတယ်။
လက်ရှိ ဒလမြို့ရဲ့ အိမ်ခြံမြေဈေးကွက်ဟာ ရင်းနှီးမြှုပ်နှံသူများလို့ ဈေးနှုန်း မြင့်တက်တာမျိုး မဟုတ်ဘဲ ဒလတံတား ဖွင့်လှစ်လိုက်တဲ့အရှိန်ကြောင့် ရောင်းသူတွေက ကြိုက်ဈေး တင်နေတဲ့အတွက် မြင့်တက်နေတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
“ဈေးတွေသာ တက်နေပေမယ့် တကယ့် တကယ်က investor တွေ အများကြီး မသွားသေးဘူး။ ဘာလို့လဲဆို ဒလက ရေချိုမထွက်ဘူးလေ။ ရေချိုရတဲ့နေရာ ရှိပေမယ့် မရတာ များတယ်။ ဆိုတော့ ရေချိုကြောင့်ရော၊ နောက်တချက် မြစ်နားလည်း နီးနေတော့ အရောင်းအဝယ် ဝုန်းဒိုင်းကျဲ မသွက်ပါဘူး။ တဆင့်ချင်းစီ သွားမယ်လို့တော့ ထင်ရတာပဲ။ ဈေးအတက်ကတော့ ဆက်ရှိနေနိုင်ပါသေးတယ်” လို့ သူက ပြောပါတယ်။
လက်ရှိ ဒလမြို့ရဲ့ မိန်းလမ်းမကြီးပေါ်က ပေ ၄၀×၆၀ မြေကွက်တွေဟာ ကျပ် သိန်း နှစ်သောင်းကနေ ကျပ် သိန်း သုံးသောင်းဝန်းကျင်အထိ ခေါ်ဈေးရှိနေပြီး သံလွင်လမ်းဘက်မှာတော့ ပေ ၄၀×၆၀ ဂရန်အမည်ပေါက်ကို သိန်း နှစ်သောင်းခွဲ၊ တံတားအဆင်း ပြည်လမ်းမကြီးပေါ်မှာတော့ ပေ ၄၀×၆၀ နှစ်ကွက်တွဲကို ကျပ် သိန်း ငါးသောင်းအထိ ခေါ်ဈေး ရှိနေတယ်လို့ သူက ပြောပါတယ်။
ဒါအပြင် ဒလတံတားအဆင်း မိန်းလမ်းပေါ်က ပေ ၄၀×၁၂၀ မြေကွက်ကို ကျပ် သိန်း ခုနစ်သောင်းခွဲ၊ ပေ ၄၀×၆၀ ကို ကျပ် သိန်း ငါးသောင်းခွဲ၊ မှော်စက်ရပ်ကွက် မိန်းလမ်းမကြီးပေါ် ဒလတံတားကြီးနဲ့ အနီးဆုံးနေရာကောင်းမှာတော့ ပေ ၄၀×၆၀ ဂရန်မြေ အမည်ပေါက်ကို ကျပ် သိန်း တသောင်းခြောက်ထောင်ဝန်းကျင် ခေါ်ဈေးရှိနေတယ်လို့ သိရပါတယ်။
မိန်းလမ်းမကြီးနဲ့ ကျောချင်းကပ် ဗညားဓလရပ်ကွက်ရှိ ပေ ၄၀×၆၀ မြေကွက်တွေ ဆိုရင်တော့ ကျပ် သိန်း တသောင်း၊ ကျပ် သိန်း ၈၀၀၀၊ ကျပ် သိန်း ၇၅၀၀၊ ကျန်စစ်သားရပ်ကွက်မှာတော့ ပေ ၅၀×၅၀ ပါမစ်မြေကို ကျပ် သိန်း ၆၀၀၀ ကျော်ဝန်းကျင်၊ ရာဇသင်္ကြန်ရပ်ကွက်မှာတော့ ပေ ၂၀×၆၀ ကို ကျပ် သိန်း ၄၀၀၀ ဝန်းကျင် ခေါ်ဈေးရှိနေတယ်လို့ သိရပါတယ်။
ဒလမြို့ရဲ့ အိမ်ခြံမြေဈေးတွေဟာ လက်ရှိမှာ အချိန်နဲ့အမျှ ပြောင်းလဲနေတာဖြစ်ပြီး ဝယ်သူက စုံစမ်းတဲ့အခါ ဈေးနှုန်း ထပ်မံ မြင့်တက်သွားတာ‌တွေကိုလည်း ကြုံတွေ့နေရတယ်လို့ နောက်ထပ် အိမ်ခြံမြေ အကျိုးဆောင်တယောက်က ပြောပါတယ်။
“ဘယ်လိုဖြစ်နေလဲဆို တခါမေး တဈေး ဖြစ်နေတယ်။ အချိန်နဲ့အမျှ ပြောင်းလဲနေတယ်ပေါ့။ အခုက ခေါ်ဈေးတော့ ပြေးနေတယ်။ အဝယ်က လိုက်မနေဘူး။ တကယ်တမ်း သူတို့ခေါ်ဈေး တန်တယ်ဆိုရင် investor တယောက်က ရင်းရဲရမှာလေ။ ဒါပေမယ့် ရင်းနှီးမြှုပ်နှံမှု လုပ်ဖို့ဆိုတာက တယောက်နဲ့တယောက်က စောင့်ကြည့်နေကြတဲ့သဘော ဖြစ်နေတယ်။ ပြောရရင် ဒလနဲ့ ရန်ကုန်ဆိုတာကလည်း မြစ်ပဲခြားပေမယ့် ဖွံ့ဖြိုးတိုးတက်မှုကတော့ ပြောင်းပြန် ဖြစ်နေတာကိုး။ အများကြီး ပြောင်းလဲယူရဦးမှာ။ ဒီအတွက် ဖြည်းဖြည်းချင်း အချိန် ပေးရဦးမှာ” လို့ သူက ပြောပါတယ်။
ဒါအပြင် လက်ရှိ ဒလမြို့မှာ ရေအရင်းအမြစ် ကောင်းမွန်ခြင်းမရှိသလို ရပ်ကွက်တွေထဲမှာလည်း ရေမြောင်းစနစ်၊ လမ်းခင်းမှု၊ ကျူးကျော်ပြဿနာ၊ လျှပ်စစ်မီး စသဖြင့်

image