1 ပတ် - ဘာသာပြန်ပါ။

ဂျိမ်းစ်ဘွန်းရုပ်ရှင်တွင် ဗီလိန်အဖြစ် သရုပ်ဆောင်လိုနေတဲ့ ပရီးမီးယားလိဂ်တိုက်စစ်မှူးဟောင်း
=====================
အက်စတွန်ဗီလာတိုက်စစ်မှူးဟောင်းဂျွန်ကာရူးဟာ နောက်ထွက်လာမယ့် ဂျိမ်းစ်ဘွန်းစပိုင်ရုပ်ရှင်ဇာတ်ကားတွင် ဗီလိန်အဖြစ် ပါဝင်သရုပ်ဆောင်ရန် ဆန္ဒပြင်းပြနေပါတယ်။
အသက် ၄၆ နှစ်ရှိ နော်ဝေတိုက်စစ်မှူးဟောင်းဟာ ပရီးမီးယားလိဂ်ကစားသမားဟောင်းများဖြစ်ကြတဲ့ အဲရစ်ကန်တိုနာ၊ ဗန်နီဂျုံးစ်တို့ကဲ့သို့ပင် ကစားသမားဘဝ အလွန်တွင် ရုပ်ရှင်လောကသို့ ဝင်ရောက်ထားသူ ဖြစ်ပါတယ်။
သူဟာ ဟောလီးဝုဒ်အေအဆင့် စတားအင်ဂျလီနာဂျိုလီနှင့် သရုပ်ဆောင်ထားပြီးလည်း ဖြစ်ပါတယ်။
ယခုအခါ ပရီးမီးယားလိဂ်ပွဲ ၁၂၃ ပွဲကစားခဲ့တဲ့ ဂျွန်ကာရူးဟာ ရုပ်ရှင်လောကခြေတစ်လှမ်းထပ်လှမ်းတဲ့အနေဖြင့် လာမယ့် ဂျိမ်းစ်ဘွန်းကားတွင် ဗီလိန်ဇာတ်ရုပ်တွင် သရုပ်ဆောင်လိုနေပါတယ်။
ရုပ်သံအစီအစဉ်များနှင့် ရုပ်ရှင်များတွင် ပါဝင်သရုပ်ဆောင်ထားပြီး ဖြစ်တဲ့ ဂျွန်ကာရူးက "ဂျိမ်းစ်ဘွန်းရုပ်ရှင်တစ်ကားမှာ ဗီလိန်အဖြစ် သရုပ်ဆောင်ချင်တယ်။ အဓိကဗီလိန်ဇာတ်ကောင်နေရာမှာ မဟုတ်ဘူး။ လူသတ်သမားအဖြစ် သရုပ်ဆောင်ချင်တာ။ ပြောရရင် လူဆိုးခေါင်းဆောင်ရဲ့ ညာလက်ရုံး၊ ဘွန်းကို ရှုံးနိမ့်သွားတဲ့ ရှုံးနိမ့်သွားတဲ့ အသံတိတ်လူသတ်သမားတစ်ယောက်လိုမျိုးနေရာမှာပေါ့"လို့ ပြောကြားသွားပါတယ်။
ဂျွန်ကာရူးဟာ ဝက်စ်ဟမ်း၊ ဗလင်စီယာတို့တွင်လည်း ကစားခဲ့ဖူးသူ ဖြစ်ပြီး ၂၀၁၂ ခုနှစ်တုန်းက ကစားသမားဘဝမှ အနားယူခဲ့သူ ဖြစ်ပါတယ်။
သူဟာ ၂၀၂၂ ခုနှစ်တုန်းက အခွန်ရှောင်တိမ်းမှုကြောင့် ထောင်ဒဏ် ၁၄ လချမှတ်ခံခဲ့ရဖူးသူလည်း ဖြစ်ပါတယ်။
ထိုစဉ်တုန်းက သူဟာ ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ပေါင် ၂၅ သန်းကျော်အား အခွန်ရှောင်တိမ်းမှုဖြင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရတာပါ။
ဒါပေမယ့် ၎င်းက နိုင်ငံခြားတွင် နေထိုင်နေမှုနှင့်အတူ နော်ဝေတွင် အခွန်ဆောင်ရန် မလိုဟု အေးဂျင့်ရဲ့အကြံပေးမှုကြောင့် ယင်းသို့ လုပ်ဆောင်ခဲ့ခြင်းမျှသာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
ဂျိမ်းစ်ဘွန်းဇာတ်ကားအတွက် အဓိကသရုပ်ဆောင်နေရာကို ရွေးချယ်ရသေးခြင်း မရှိသေးဘဲ လက်ရှိအချိန်တွင် တွမ်ဟာဒီက ထိပ်ဆုံးမှ ရေပန်းစားနေပါတယ်။

image