1 ပတ် - ဘာသာပြန်ပါ။

နယူးကာဆယ်-ဘရန့်ဖို့ဒ်ပွဲစဉ်မှ Sky Sports ရဲ့ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆု ရွေးချယ်မှုအပေါ် ဂျော်ဒန်ဟင်ဒါဆင် အကြီးအကျယ်အံ့ဩသင့်ခဲ့ရ
=======================
ဂျော်ဒန်ဟင်ဒါဆင်ဟာ ဗီတာလီဂျာနက်မှာ Sky Sports ရဲ့ ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆုနှင့် လွဲချော်ခဲ့မှုအေပါ် အကြီးအကျယ် အံ့ဩမင်သက်ခဲ့ရပါတယ်။
ဘရန့်ဖို့ဒ်ဟာ စနေနေ့တုန်းက စိန့်ဂျိမ်းပါ့ခ်ကွင်းတွင် ၁၉၃၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အနိုင်ရရှိခဲ့ပါတယ်။
ဘရန့်ဖို့ဒ်ဟာ ဆဗင်ဘော့မန်းရဲ့ ခေါင်းတိုက်ဂိုးကြောင့် နောက်ကလိုက်ကစားခဲ့ရပေမယ့် ပထမပိုင်းမပြီးခင် ဂျာနက်နှင့် တီယာဂိုအိုင်ဂေါ်တို့ရဲ့ ဂိုးကြောင့် ပြန်လည်ဦးဆောင်နိုင်ခဲ့ပါတယ်။
ဘရူနိုဂူမာရေးစ်က ဒုတိယပိုင်းတွင် ပင်နယ်တီမှ တဆင့် ပြန်လည်ချေပဂိုးသွင်းလာခဲ့ပေမယ့်လည်း ဒန်ကိုဝါတာရာက ကိတ်အင်ဒရူးရဲ့အသင်းအတွက် အနိုင်ဂိုး သွင်းပေးခဲ့ပါတယ်။
ပွဲအပြီးတွင် ဟင်ဒါဆင်နှင့် ဂျာနက်တို့ဟာ Sky Sports အင်တာဗျူးအစီအစဉ်တွင် ပါဝင်ခဲ့ရာ ပွဲခြေစွမ်းနှင့်ပတ်သက်ပြီး ပြောဆိုခဲ့ကြပါတယ်။
ဒါပေမယ့် ဆန်းဒါးလန်းစတားဟောင်းဟာ ဂျာနက်က အကောင်းဆုံးကစားသမားဆု မရရှိဘဲ ဝါတာရာ ဆွတ်ခူးသွားချိန်မှာတော့ အံ့ဩသင့်ခဲ့ရပါတယ်။
ဟင်ဒါဆင်က "ဘာလို့ သူ မရတာလဲ။ သူ ဆုမရတာလား။ မဖြစ်နိုင်တာ။ ဒါကို ဘယ်သူ ဆုံးဖြတ်တာလဲ။ သူ ရသင့်တယ်။ လုပ်စမ်းပါ"လို့ ပြောဆိုသွားခဲ့ပါတယ်။
Sky Sports ရဲ့ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆု နောက်ကွယ်တွင် ပါဝင်တဲ့ သူက အလန်စမစ် ဖြစ်ပါတယ်။
ဘရန့်ဖို့ဒ်ဟာ နယူးကာဆယ်နိုင်ပွဲကြောင့် အဆင့် ၇ မှာ ရပ်တည်လာပြီး အဆင့် ၆ နေရာမှ လီဗာပူးနှင့် ရမှတ်တူညီလာပါတယ်။

image