ဘိုင်ယန်မြူးနစ်အတွက် ဟက်ထရစ်သွင်းယူလာတဲ့ ဒီယာ့ဇ်
======================
တနင်္ဂနွေနေ့ညတုန်းက ဘိုင်ယန်မြူးနစ်က ဟော်ဖန်ဟိမ်းအား ၅-၁ ဖြင့် အနိုင်ရတဲ့ပွဲစဉ်တွင် လူးဝစ်ဇ်ဒီယာ့ဇ်က ဟက်ထရစ်သွင်းယူနိုင်ခဲ့သလို အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်းကလည်း ပင်နယ်တီမှတဆင့် ၂ ဂိုးသွင်းယူလာပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ ဟော်ဖန်ဟိမ်းနိုင်ပွဲကြောင့် ဘွန်ဒက်စ်လီဂါအား ၆ မှတ်ဖြတ်ကာ ဆက်လက် ဦးဆောင်လာနိုင်ခဲ့ပါတယ်။
ဟယ်ရီကိန်းဟာ ပွဲချိန် ၂၀ နှင့် ၄၅ မိနစ်တို့မှာ ဒီယာ့ဇ်ကြောင့် ရရှိတဲ့ ပင်နယ်တီတွေကနေ ၂ ဂိုးဆက်သွင်းယူခဲ့ပါတယ်။ တဖက်တွင် ပထမပင်နယ်တီဖြစ်စဉ်တွင် ဟော်ဖန်ဟိမ်းနောက်ခံလူကီဗင်အက်ပိုဂွမ်မှာ ကိုလံဘီယာတောင်ပံကစားသမားအား ကြမ်းတမ်းစွာ ဖျက်ထုတ်မှုအတွက် အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
ယင်းနောက် ပထမပိုင်းအချိန်တွင် ဒီယာ့ဇ်က တတိယဂိုးနှင့် ဒုတိယပိုင်းတွင် ဟက်ထရစ် ရရှိစေမယ့် နောက်ထပ် ၂ ဂိုးအား သွင်းယူခဲ့ပါတယ်။
တတိယနေရာမှ ဟော်ဖန်ဟိမ်းအတွက် နှစ်သိမ့်ဂိုးကို ခရာမာရစ်ခ်က သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ဟယ်ရီကိန်းဟာ ယခုပွဲတွင် ပင်နယ်တီမှ ၂ ဂိုးသွင်းပြီးနောက် ယခုရာသီ ပြိုင်ပွဲအရပ်ရပ် သွင်းဂိုး ၃၈ ဂိုးအထိ သွင်းထားနိုင်ပြီ ဖြစ်ပါတယ်။

image