5 ရက် - ဘာသာပြန်ပါ။

အတိုက်ခံများတဲ့ခါ ဒီအရံအတားကို
နေထွက်/နေဝင် ရွတ်ပါ
~~~~~~~~~~~~~~~~~~~~~~
✳️လောကီလူသားတွေဆိုတော့ အတိုက်အခိုက် အမျိုးမျိုးရှိကြပါတယ်၊ အောက်လမ်းပညာ အခိုက်ခိုက်၊
မကောင်းကြံကြတဲ့အတိုက်ခိုက်၊
မအောင်မြင်နိုင်အောင် လုပ်ကြံကြိုးပမ်းမှုစသည်ဖြင့် အမျိုးမျိုးရှိကြပါတယ်။
✳️ဒီလိုအတိုက်အခိုက်တွေ ခံခဲ့ရတဲ့ဘုရားအလောင်းတော် ဥဒေါင်းမင်းမှာ မန္တန်တစ်ခုရှိခဲ့ပါတယ်။
☸️အဲ့ဒီမန္တန်ကို ဘုရားအလောင်းတော် ဥဒေါင်းမင်းက မနက်နေတက်တဲ့အချိန်
တစ်ခါ၊ ညနေ နေဝင်တဲ့အချိန်တစ်ခါ၊
နှစ်ခါစီ အမြဲတမ်းရွတ်ပါတယ်
☸️မန္တန်၏ အစွမ်းကြောင့် ဘုရားအလောင်း ဥဒေါင်းမင်းကို ဖမ်းဆီးရန်
ကြိုးပမ်းခဲ့ကြတဲ့ မုဆိုး(၇)ဆက်
သေသွားကြပြီး
နှစ်ပေါင်းများစွာကြာခဲ့သော်လည်း
ဘုရားအလောင်းတော် ဥဒေါင်းမင်းကို
မဖမ်းဆီးနိုင်ခဲ့ကြပါဘူး။
☸️ဒါ့ကြောင့် မြတ်စွာဘုရားရှင်က
ဒီမန္တန်ဟာ အစွမ်းထက်သော ဗြဟ္မမန္တန်ဖြစ်ပါတယ်၊ ဒါကိုအရံအတား သို့မဟုတ် မောရသုတ်-ပရိတ်တော် အဖြစ်ဖြင့်
နေ့စဉ် မနက် နေထွက်ချိန်တစ်ခါ/
ညနေ နေဝင်ချိန်တစ်ခါ
သေချာရွတ်ဖတ် ပူဇော်မယ်ဆိုရင် အတိုက်အခိုက်တွေကို ကာကွယ်နိုင်မယ်တဲ့။
~ဂါထာတော်ရဲ့အဓိပ္ပါယ်ကလည်း အလွန်လေးနက်ပါတယ်၊
☸️”နေမင်းသည် လူတို့၏ မျက်စိသဖွယ်လည်း ဖြစ်၏။ ပြိုင်ဘက်ကင်းသော မင်းလည်းဖြစ်၏။ ရွှေ အဆင်းနှင့်တူသော အဆင်းလည်းရှိ၏။ မြေပြင်တခုလုံးကိုထွန်းပသော အလင်းရောင်လည်းရှိ၏။ ယခု ဤနေမင်းသည် တက်လတ်ပေ၏။ ကျွန်ုပ်သည် ရွှေအဆင်းရှိသော မြေပြင်၌ထွန်းလင်းတောက်ပသော ဤနေမင်းကို ရှိခိုးပါ၏။ ရိုသေပါ၏။ ယနေ့တနေ့လုံး အသင်နေမင်း၏အစောင့်အရှောက်ကို ခံယူပြီး ကျွန်ုပ်နေပါအံ့။
☸️မြတ်စွာဘုရားတို့ မည်သည်မှာ မကောင်းမှု ဟူသမျှကို အပပြုကုန်ပြီဖြစ်၏။ တရားအားလုံးကိုသိမြင်တော်မူကြပြီး ဖြစ်၏။ ထိုဘုရားရှင်တို့အား ကျွန်ုပ် ရှိခိုးပါ၏။ ထိုဘုရားရှင်တို့ကလည်း ကျွန်ုပ်ကို စောင့်ရှောက်ကြပါစေသတည်း။ သစ္စာလေးပါးကို သိမြင်ပြီးသော ပုဂ္ဂိုလ်တို့အားလည်း ရှိခိုးပါ၏။ အရဟတ္တ မဂ်ဉာဏ်၊ သဗ္ဗညုတ ဉာဏ်တော်အားလည်း ရှိခိုးပါ၏။ ကိလေသာမှ ကင်းလွတ်ကုန်ပြီသော ပုဂ္ဂိုလ်တို့အားလည်း ရှိခိုးပါ၏။ ဦးညွှတ်ပါ၏။”
🪷ဒီအဓိပ္ပါယ်ကို အရုံပြုပြီးရွတ်ပါ၊
☸️မောရသုတ်တော်
~~~~~~~~~
ပါဠိတော်/ ပါဠိအသံထွက်
၁။ ပူရေန္တံ ဗောဓိသမ္ဘာရေ၊
နိဗ္ဗတ္တံ မောရယောနိယံ။�ယေန သံဝိဟိတာ ရက္ခံ၊�မဟာသတ္တံ ဝနေစရာ။ ၁။ ပူရင်တံ ဗောဓိသမ်ဘာရေ
နိတ်ဗတ်တံ မောရ-ယောနိယံ �ယေန သံဝိဟိတာရက်ခံ�မဟာသတ်တံ ဝနေစရာ
၂။ စိရဿံ ဝါယမန္တာပိ၊
နေဝ သက္ခိံသု ဂဏှိတုံ။�ဗြဟ္မမန္တ န္တိ အက္ခာတံ၊�ပရိတ္တံ တံ ဘဏာမ ဟေ။ ၂။ စိရတ်သံ ဝါယမန်တာပိ၊
နေဝ သက်ခိမ်သု ဂန်နှိတုံ �ဗြန်မ-မန်တန်တိ အက်ခါတံ�ပရိတ်တံ တံ ဘဏာမ ဟေ
၃။ ဥဒေတယံ စက္ခုမာ ဧကရာဇာ၊
ဟရိဿ ဝဏ္ဏော ပထဝိပ္ပဘာသော။�တံ တံ နမဿာမိ ဟရိဿဝဏ္ဏံ�ပထဝိပ္ပဘာသံ၊�တယာဇ္ဇ ဂုတ္တာ ဝိဟရေမု ဒိဝသံ၊ ၃။ အုဒေတယံ စက်ခုမာ အေက-ရာဇာ
ဟရိတ်သ-ဝဏ်ဏော ပထဝိတ်ပ,ဘာသော �တံ တံ နမတ်သာမိ ဟရိတ်သ-ဝဏ်ဏံ�ပထဝိပ်ပ, ဘာသံ �တယစ်ဇ ဂုတ်တာ ဝိဟရေမု ဒိဝသံ
၄။ ယေ ဗြာဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ၊
တေ မေ နမော တေ စ မံ ပါလယန္တု။�နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ၊�နမော ဝိမုတ္တာနံ နမော ဝိမုတ္တိယာ၊�ဣမံ သော ပရိတ္တံ ကတွာ၊�မောရော စရတိ ဧသနာ။ ၄။ ယေ ဗြန်မဏာ ဝေဒဂူ သတ်ဗ-ဓမ်မေ
တေ မေ နမော တေ စ မံ ပါလယန်တု�နမတ်ထု ဗုတ်ဓာနံ နမတ်ထု ဗောဓိယာ �နမော ဝိမုတ်တာနံ နမော ဝိမုတ်တိယာ �အိမံ သော ပရိတ်တံ ကတ်တဝါ�မောရော စရတိ အေသနာ
၅။ အပေတယံ စက္ခုမာ ဧကရာဇာ၊
ဟရိဿဝဏ္ဏော ပထဝိပ္ပဘာသော။�တံ တံ နမဿာမိ ဟရိဿဝဏ္ဏံ �ပထဝိပ္ပဘာသံ၊�တယာဇ္ဇ ဂုတ္တာ ဝိဟရေမု ရတ္တိံ။ ၅။ အပေတယံ စက်ခုမာ အေက-ရာဇာ
ဟရိတ်သ-ဝဏ်ဏော ပထဝိပ်ပ,ဘာသော �တံ တံ နမတ်သာမိ ဟရိတ်သ-ဝဏ်ဏံ�ပထဝိပ်ပ-ဘာသံ �တယစ်ဇ ဂုတ်တာ ဝိဟရေမု ရတ်တိမ်။
၆။ ယေ ဗြဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ၊
တေ မေ နမော တေ စ မံ ပါလယန္တု။�နမတ္တု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။�နမော ဝိမုတ္တာနံ နမော ဝိမုတ္တိယာ။�ဣမံ သော ပရိတ္တံ ကတွာ၊�မောရော ဝါသ မကပ္ပယိ။ ၆။ ယေ ဗြန်မဏာ ဝေဒဂူ သတ်ဗ-ဓမ်မေ၊
တေ မေ နမော, တေ စ မံ ပါလယန်တု။�နမတ်ထု ဗုတ်ဓာနံ နမတ်ထု ဗောဓိယာ။�နမော ဝိမုတ်တာနံ နမော ဝိမုတ်တိယာ�အိမံ သော ပရိတ်တံ ကတ်တဝါ�မောရော ဝါသ'မ-ကပ်ပယိ။

image