မုန်လာဥနီမှာ ပါဝင်တဲ့ ပေါ်လီအဆီတိုင်လင်း(Polyacetylene) ဟာ အူမကြီးကင်ဆာ ကာကွယ်ရာမှာ အလွန်စွမ်းထက်ပါတယ်။
သဘာဝ အသီးအနှံတွေကို စားသုံးခြင်းဖြင့် ကင်ဆာရောဂါကို ကာကွယ်နိုင်တယ်ဆိုတာ သိပ္ပံနည်းကျ တွေ့ရှိပြီးဖြစ်တာကြောင့် ကာကွယ်နိုင်စွမ်းရှိတဲ့ အသီးအနှံတွေကို စားသုံးပေးရပါမယ်။
အဲ့ဒီအသီးအနှံတွေထဲမှ မုန်လာဥနီဟာ ကင်ဆာရောဂါ အများစုကို ကာကွယ်နိုင်စွမ်း ရှိပါတယ်။
အထူးသဖြင့် မုန်လာဥနီမှာ ပါဝင်တဲ့ ပေါ်လီအဆီတိုင်လင်း (Polyacetylene) ဟာ အူမကြီးကင်ဆာ ကာကွယ်ရာမှာ အလွန်စွမ်းထက်ပါတယ်။
ဒါ့အပြင် အမျှင်ဓာတ် (Dietary fibers) တွေဟာ ဝမ်းမှန်စေတာကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းတစ်လျှောက်မှာ အူမကြီးကင်ဆာ မဖြစ်အောင် ကာကွယ်ပေးပါတယ်။
သူ့မှာပါဝင်တဲ့ ကယ်ရိုတီနွိုက်၊ ဗီတာမင်နဲ့ အိုမီဂါ-၃ တို့ဟာ ကင်ဆာကာကွယ်ရေးအတွက် အဓိက အထောက်အကူပြုပါတယ်။
မုန်လာဥနီကို ဘယ်လိုပုံစံ စားသုံးသင့်သလဲ?
မုန်လာဥနီရဲ့ အပေါ်ယံအလွှာကို ဖယ်ရှားပြီး မလှီးခင် ရေဆေးပြီးမှ အစိမ်းအတိုင်းဖြစ်စေ၊ ချက်ပြုတ်၍ဖြစ်စေ စားသုံးရပါမယ်။
အပူချိန်များများနဲ့ အချိန်အကြာကြီး ချက်ပြုတ်တာကို ရှောင်ကြဉ်ရပါမယ်။ ဒါမှ အာဟာရဓာတ် ပြည့်ဝမှာ ဖြစ်ပါတယ်။
ဖျော်ရည်လုပ်တဲ့အခါမှာလည်း နို့အနည်းငယ်ထည့်ပြီး သဘာဝအတိုင်း ဖျော်သောက်သင့်ပါတယ်။
သတိပြုရမှာက မုန်လာဥနီဟာ မြေကြီးထဲက ဓာတ်ပစ္စည်းတွေကို စုပ်ယူတတ်တာကြောင့် ပိုးသတ်ဆေးနဲ့ ဓာတ်မြေသြဇာ မသုံးတဲ့ အော်ဂဲနစ် (Organic) အမျိုးအစားဖြစ်ရင် အကောင်းဆုံးပါ။

image