"လူကောင်း" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အမြဲတမ်း အနိုင်ကျင့်ခံနေရဖို မလိုပါဘူး 🚫✨
တော်တော်များများက ပါးစပ်ပိတ်ပြီး ခေါင်းငုံခံနေမှ၊ ဘာပြောပြော ပြုံးပြနေမှ "လူကောင်း" လို သတ်မှတ်တတ်ကြပါတယ်။ ဒါပေမဲ့ အဲဒီလို အသိအမှတ်ပြုခံရဖိုအတွက် ကိုယ့်ရဲ့ စိတ်ကျန်းမာရေးနဲ့ ဂုဏ်သိက္ခာကို အထိခိုက်ခံနေရပြီဆိုရင်တော့ ဒါဟာ မှန်ကန်တဲ့ လမ်းစဉ်မဟုတ်တော့ပါဘူး။
ကိုယ့်ဘက်က မှန်နေသရွေ့၊ ကိုယ့်ရဲ့ တန်ဖိုးကို ထိပါးလာတဲ့အခါမျိုးမှာ ပြန်ပြောဖို၊ ကိုယ့်အခွင့်အရေးအတွက် ရပ်တည်ဖို ဝန်မလေးပါနဲ့။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်လိုက်လို သူတိုအမြင်မှာ "လူဆိုး" ဖြစ်သွားလည်း အရေးမကြီးပါဘူး။ သူတစ်ပါးအကြိုက် "လူကောင်း" အတုဖြစ်နေတာထက် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတဲ့ "လူသား" တစ်ယောက်ဖြစ်ဖိုက ပိုအရေးကြီးပါတယ်။ 💯
သတိထားရမှာက... တစ်ဖက်လူကို ရည်ရွယ်ချက်ရှိရှိ ရိုင်းစိုင်းဖို မဟုတ်ဘဲ၊ ကိုယ့်ရဲ့ "စည်း" ကို လေးစားတတ်အောင် သင်ပေးဖိုပဲ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းရှိခြင်းကလည်း ရင့်ကျက်တဲ့ လူသားတစ်ယောက်ရဲ့ အရည်အချင်းတစ်ခုပါပဲ။ 💪❤️
ဒီနေ့ကစပြီး "အနိုင်ကျင့်ခံ လူကောင်း" ဘဝကနေ ရုန်းထွက်ပြီး ကိုယ့်ကိုယ်ကိုယ် အလေးထားတဲ့သူ ဖြစ်ပါစေ။ ✨