သံရည်ကျိုအပ်နှံမည့် မော်တော်ယာဉ်အပါအဝင် ယာဉ် ၁၃၈၈ စီးအားဖြတ်တောက် သယ်ယူပို့ဆောင်ပေးနိုင်မည့် ကုမ္ပဏီ၊ အဖွဲ့အစည်းများကို တင်ဒါခေါ်ယူ
စက်မှုဝန်ကြီးဌာန အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်းအနေဖြင့်တိုင်းဒေသကြီးနှင့် ပြည်နယ် လေးခုတို့မှ သံရည်ကျိုအပ်နှံမည့် မော်တော်ယာဉ်အပါအဝင် ယာဉ်ယန္တရား ၁၃၈၈စီးအား ဖြတ်တောက်သယ်ယူပို့ဆောင်ပေးနိုင်မည့် ကုမ္ပဏီ၊အဖွဲ့အစည်းများကို အိတ်ဖွင့်တင်ဒါ ခေါ်ယူထားကြောင်း သိရသည်။
အဆိုပါ ဖိတ်ခေါ်ချက်အရပြည်ထောင်စုအဆင့် အဖွဲ့အစည်း၊ဝန်ကြီးဌာနများနှင့် အမျိုးသား စီမံကိန်းဝန်ကြီးဌာန၊ ဘဏ္ဍာသိမ်းယာဉ်များမှ သံရည်ကျိုအပ်နှံမည့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်။ရှေ့)ပိုင်းအတွင်းရှိ မြို့နယ်များမှ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်၊ ယန္တရား စုစုပေါင်း၁၃၈၈ စီးကို အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)သို့ ဖြတ်တောက်၊သယ်ယူ၊ ပို့ဆောင် အပ်နှံပေးနိုင်မည့်ကုမ္ပဏီ၊ အဖွဲ့များအတွက် အိတ်ဖွင့်တင်ဒါ ခေါ်ယူ ဆောင်ရွက်လို ကြောင်းဖော်ပြပါရှိသည်။
အဆိုပါ ဖြတ်တောက်၊ သယ်ယူ၊ ပို့ဆောင် အပ်နှံပေးရမည့်ယန္တရားများတွင် Lot 1 အဖြစ် မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် ၆၉၅စီးနှင့် Lot 2 အဖြစ် မကွေးတိုင်းနှင့်ရှမ်းပြည်နယ် (တောင်/ရှေ့)ပိုင်းတွင်၆၉၃စီးဖြစ်ကာ ၎င်းတို့အတွက်ဖေဖော်ဝါရီ ၆ ရက်တွင် တင်ဒါပုံစံစတင် ထုတ်ယူနိုင်ပြီး ဖေဖော်ဝါရီ ၁၉ရက်တွင် တင်ဒါပိတ်မည်ဖြစ်ကြောင်းသိရသည်။
အိတ်ဖွင့်တင်ဒါပုံစံနှင့်အသေးစိတ် အချက်အလက်များကိုအုပ်ချုပ်ရေးဌာန၊ အမှတ်(၁)အ ကြီးစားစက်မှု လုပ်ငန်း၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်၃၀၊ နေပြည်တော်တွင် ရုံးချိန်အတွင်း လာရောက် ထုတ်ယူနိုင်ကြောင်း သိရသည်။