ပြည်ကြီးတံခွန်မြို့နယ်ကိုဗဟိုပြု၍ အင်အားအနည်း ငယ်ရှိ ငလျင်လှုပ်ခတ်

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်ကိုဗဟိုပြု၍ ယ နေ့ ဖေဖော်ဝါရီ ၈ ရက်ညနေပိုင်းက အင်အားအနည်း ငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝ သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
ပြည်ကြီးတံခွန်မြို့နယ်၏ အရှေ့ဘက်(၃)မိုင်ခန့်အကွာ အနက်(၃၇)ကီလိုမီတာကိုဗဟိုပြု၍ ယနေ့ ဖေဖော်ဝါရီ ၈ ရက်ညနေ ၄ နာရီ ၅၇ မိနစ် ၄၉ စက္ကန့်က အင်အားရစ် (ခ်)တာစကေး(၃ ဒသမ ၅)အဆင့်ရှိ အင်အားအနည်း ငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

image