တရုတ်နှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် အမျိုးသား၊အမျိုးသမီးဘတ်စကက်ဘောပြိုင်ပွဲကျင်းပ
တရုတ်နှစ်သစ်ကူးပွဲတော်အထိမ်းအမှတ်အဖြစ် အား ကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာ ယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်တို့ပူးပေါင်း၍ တရုတ်နှစ်သစ်ကူးပွဲတော်အထိမ်း အမှတ်အဖြစ် အမျိုးသား၊အမျိုးသမီးဘတ်စကက်ဘောပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၄ ရက်အထိ ဗဟန်းမြို့ နယ်ရှိ ကျိုက္ကဆံဘတ်စကက်ဘောအားကစားရုံ၌ကျင်း ပလျက်ရှိသည်။
5×5 အလွတ်တန်း အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲနှင့် 3×3 (U-16 / U-2 အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲတို့ကို အုပ်စု(၄)စုခွဲ၍ အသင်းပေါင်း(၁၂)သင်းဖြင့် ကျင်းပလျက်ရှိသည်။
အဆိုပါ ပြိုင်ပွဲအား မျိုးဆက်သစ်ဘတ်စကက်ဘောအားကစားသမားများပေါ်ထွက်လာရန်ရည်ရွယ်၍ ပထ မရရှိသည့်အသင်းအား ဆုငွေကျပ်သိန်း(၅၀)ချီးမြှင့်သွားမည်ဖြစ်သည်။