၂ဝ၂၆ ခုနှစ်၊ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အ ထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို နိုင်ငံတော် ယာယီသမ္မတဖွင့်လှစ်ပေး

ပြခန်းပေါင်း(၁၂၀)ကျော်ပြသရောင်းချလျက်ရှိ
နေပြည်တော်ရှိ နေပြည်တော်ပြည်သူ့ရင်ပြင်၌ ၂၀၂၆ ခုနှစ်၊ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအ မှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်အား နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံ တော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဖေ ဖော်ဝါရီ ၈ ရက်နံနက်ပိုင်းက ဖွင့်လှစ်ပေးခဲ့သည်။
နိုင်ငံတော်ယာယီသမ္မတမှ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်အခမ်းအနားမုခ်ဦးအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ကော်မရှင်ဒု-ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစော၊ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဒေါက်တာကံဇော်၊ ဦးလှမိုး၊ ဒေါက်တာချာလီသန်း၊ ဦးချစ်ဆွေနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတက ပြည်ထောင်စုအ ဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်အ ခမ်းအနားဂုဏ်ပြုတေးသီချင်းဖြစ်သည့် "စက်မှုကုန် စည်ပြပွဲဆီ"သီချင်းနှင့်အတူ တိုင်းနှင့်ပြည်နယ်များမှ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၏ ကပြဖျော်ဖြေမှုအားကြည့်ရှုအားပေးခဲ့သည်။
ထို့ပြင် နိုင်ငံတော်ယာယီသမ္မတက ခင်းကျင်းပြသထားသည့် ပြည်ထောင်စုဝန်ကြီးဌာနပြခန်းများ၊ တိုင်းနှင့် ပြည်နယ်များအလိုက် ဒေသထွက်ကုန်ပစ္စည်းများပြ ခန်းနှင့် အရောင်းပြခန်းများ၊ MSME လုပ်ငန်းရှင်များ ၏ MSME ထုတ်ကုန်ပြခန်းများအား ပြခန်းတစ်ခုချင်းစီအလိုက် ကြည့်ရှုလေ့လာခဲ့သည်။
အဆိုပါ ၂၀၂၆ ခုနှစ်၊ (၇၉) နှစ်မြောက် ပြည်ထောင်စု နေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ် ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို နိုင်ငံစီးပွားဖွံ့ဖြိုး တိုး တက်စေရေးအတွက် အဓိကကျောရိုးဖြစ်သည့် MSME များကိုအားပေးမြှင့်တင်ခြင်းဖြင့် နိုင်ငံသားတို့၏ လူမှုစီးပွားဘဝမြှင့်မားလာစေရန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍမှ ကုန်ကြမ်းများကိုအခြေခံ၍ တန်ဖိုးမြှင့်ထုတ် ကုန်ပစ္စည်းများ ထုတ်လုပ်လာနိုင်စေရန်၊ ပြည်တွင်းကုန်ထုတ်လုပ်မှုကိုအားပေးခြင်းဖြင့် ပြည်တွင်းစီးပွား ရေးကို အားပေးမြှင့်တင်ရန်၊ ပြည်ပသွင်းကုန်များကို လျှော့ချရေးနှင့် သွင်းကုန်အစားထိုးထုတ်လုပ်လာစေနိုင်ရန်၊ ပြည်တွင်းစီးပွားရေးကောင်းမွန်လာစေပြီး အ လုပ်အကိုင်အခွင့်အလမ်းပေါများလာစေရန်၊ ဒေသအ လိုက်ဒေသတစ်ခုထုတ်ကုန်တစ်ခု(OROP)အစီအစဉ်များအောင်မြင်ရေးအတွက် အားပေးမြှင့်တင်ရန်၊ MSME များနှင့် ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံသူများ ပိုမို ချိတ်ဆက်ပူးပေါင်းဆောင်ရွက်လာစေရန်ရည်ရွယ် ချက်များဖြင့်ကျင်းပခြင်းဖြစ်သည်။
ပြပွဲကြောင့် စီးပွားရေးဖွံ့ဖြိုးမှုသက်သက်သာမက ဒေ သအသီးသီးမှ လုပ်ငန်းရှင်အချင်းချင်း ချစ်ခင်ရင်းနှီးမှု၊ စည်းလုံးညီညွှတ်မှု၊ ရိုင်းပင်းကူညီမှု၊ ရိုးရာဓလေ့ယဉ်ကျေးမှုများ၊ ဗဟုသုတများဖလှယ်ရရှိမှု၊ ဈေး ကွက်ချိတ်ဆက်နိုင်မှု၊ ပြည်တွင်းထုတ်ကုန်များကို တန် ဖိုးမြှင့်ထုတ်ကုန်များအဖြစ် တိုးတက်ထုတ်လုပ်နိုင်ခြင်းဖြင့် ပြည်ပဈေးကွက်သို့ချိတ်ဆက်နိုင်မည့် အကျိုး ကျေးဇူးများရရှိနိုင်မည်ဖြစ်သည်။
ပြပွဲ၌ ဝန်ကြီးဌာနပြခန်းများ၊ နေပြည်တော်အပါအဝင် တိုင်း/ပြည်နယ် MSME ထုတ်ကုန်ပြခန်းများ၊ တိုင်းရင်း သားရိုးရာအစားအစာရောင်းချသည့်ဆိုင်ခန်းများ၊ လုပ် ငန်း/စီးပွားချိတ်ဆက်မှုများ၊ နည်းပညာပြခန်းများ၊ လယ်ယာသုံးစက်ပစ္စည်းနှင့် ထုတ်ကုန်ပြခန်းများ၊ အ သေးစား စက်မှု လက်မှုလုပ်ငန်းနှင့် ကုန်ထုတ်သမ ဝါ ယမပြခန်းများ၊ အသင်းအဖွဲ့ပြခန်းများ၊ Solar Farm များ၊ SKD ဦးစားပေးလျှပ်စစ်သုံး မော်တော်ယာဉ်/မော် တော်ဆိုင်ကယ်/သုံးဘီးဆိုင်ကယ်ပြခန်းများ၊ အထည်ချုပ်ပြခန်းများ၊ ကုမ္ပဏီပြခန်းများအပါအဝင် ပြခန်းပေါင်း(၁၂၀)ကျော်မှ ဖေဖေါ်ဝါရီ ၁၃ ရက်အထိ ချင်းကျင်းပြသရောင်းချသွားမည်ဖြစ်သည်။
ထို့ပြင် ပြပွဲကာလအတွင်း၌ နိုင်ငံကျော်အနုပညာရှင်များမှ ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်၍ လွတ်လပ်စွာ လာရောက်လေ့လာဝယ်ယူနိုင်ကြောင်း သိရသည်။

image