7 ရက် - ဘာသာပြန်ပါ။

အမှတ်ပေးဇယားအား ၉ မှတ်ဖြတ် ဦးဆောင်နေပေမယ့် ဘာမှ မဖြစ်သေးကြောင်း အာတီတာ ပြောကြားလာ
==================
အာဆင်နယ်နည်းပြမီခေးလ်အာတီတာက ပရီးမီးယားလိဂ်အမှတ်ပေးဇယားအား ၉ မှတ်ဖြတ်ကာ ဦးဆောင်ထားပေမယ့် ဘာမှ မဖြစ်သေးကြောင်း ပြောကြားလာပါတယ်။
မြောက်လန်ဒန်ကလပ်ဟာ စနေနေ့တုန်းက အမ်းမရိတ်တွင် ဆန်းဒါးလန်းကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိကာ ဒုတိယနေရာမှ မန်စီးတီးကို ၉ မှတ်ဖြတ်ထားလာနိုင်ပါတယ်။
ဒုတိယနေရာမှ မန်စီးတီးမှာ ယနေ့ တနင်္ဂနွေနေ့ညတွင် အီတီဟတ်ကွင်းသို့ သွားရောက်ကာ လီဗာပူးနှင့် ရင်ဆိုင်ကစားရပါမယ်။ မန်စီးတီးဟာ အန်ဖီးလ်သို့ နောက်ဆုံး ၂၂ ကြိမ် သွားရောက်ကစားရာတွင် ၁ ပွဲတည်းသာ အနိုင်ရဖူးပါဘူး။
ဒါပေမယ့် အာတီတာကတော့ ပရီးမီးယားလိဂ်အမှတ်ပေးဖလားပြိုင်ပွဲမှာ မေလတွင်မှ အဆုံးသတ်မှာ ဖြစ်လို့ ဘာမဆို ဖြစ်လာနိုင်သေးကြောင်း ဆိုလာပါတယ်။
အာတီတာက "ဘာမှ မဟုတ်ပါဘူး။ ကျွန်တော်တို့ ရည်မှန်းချက်ပြည့်လာဖို့ ပွဲတွေ အများကြီး အနိုင်ရအောင် ကစားရဦးမယ်။ ဒီတော့ ဒီအပေါ်မှာ အာရုံမစိုက်ပါနဲ့။ အခု အလုပ်ကို ပြီးပြတ်အောင် လုပ်နိုင်ခဲ့တယ်။ နောက်ထပ်လည်း လုပ်ရဦးမယ်။ ပိုကောင်းအောင် လုပ်ပြီး ဘရန့်ဖို့ဒ်(ကြာသပတေးနေ့)ပွဲအတွက် အသင့်ဖြစ်အောင် လုပ်ရမယ်"လို့ ပြောကြားသွားပါတယ်။
တဖက်တွင် ဗြိတိန်ထိပ်သီးဘွတ်ကီဒိုင် Peddy Power ဟာ အာဆင်နယ်ကို ပရီးမီးယားလိဂ်ချန်ပီယံဖြစ်မယ်လို့ လောင်းကြေးထပ်ထားတဲ့ လောင်းကစားသမားများအား ငွေကြေးအလျော်ပေးနေပြီလည်း ဖြစ်ပါတယ်။

image