ကလပ်ရဲ့ မွေးနေ့အဖြစ် မီးရှူးမီးပန်းများ ဖောက်ရာမှ ဘွန်ဒက်စ်လီဂါပွဲအား ရွှေ့ဆိုငး်ခဲ့ရ
=====================
ဘွန်ဒက်စ်လီဂါပွဲတစ်ပွဲမှာ မီးရှူးမီးပန်းများကြောင့် ကစားသမားများ ကွင်းအတွင်း မြင်နိုင်ခြင်း မရှိမှုနှင့်အတူ ရွှေ့ဆိုင်းခဲ့ရပါတယ်။
ယူနီယံဘာလင်ပရိသတ်များဟာ ကလပ်ရဲ့ နှစ် ၆၀ မွေးနေ့အဖြစ် Stadion An der Alten Försterei ကွင်း ပွဲကြည့်စင်တွင် မီးရှူးမီးပန်းများ ဖောက်ခွဲခဲ့ကြပါတယ်။
ယူနီယံဘာလင်ဟာ ၂၀၂၆ ခုနှစ် ပထမဆုံးဘွန်ဒက်စ်လီဂါနိုင်ပွဲ ရရှိရေး စနေနေ့တုန်းက ဖရန့်ဖတ်နှင့် ရင်ဆိုင်ကစားရတာပါ။
ယင်းပွဲရဲ့ ၈၃ မိနစ်တွင် နသန်နီရယ်ဘရောင်းက ဧည့်သည်ဖရန့်ဖတ်အတွက် ဦးဆောင်ဂိုးသွင်းလာပြီး ၂ မိနစ်အကြာမှာတော့ အော်စကာဟွိုင်းလန်း အနီကတ်ပြထုတ်ခံရကာ ပင်နယ်တီပေးခဲ့ရပါတယ်။ ယူနီယံဘာလင်ဟာ ကွီရာဖီးရဲ့ ၈၇ မိနစ်ပင်နယ်တီဂိုးဖြင့် ချေပဂိုးရခဲ့ပါတယ်။
ဒါပေမယ့် ယင်းပွဲစဉ်မစတင်မီ ပရိသတ်များရဲ့ ကလပ်မွေးနေ့ အထိမ်းအမှတ်အဖြစ် ပွဲကြည့်စင်တွင် မီးရှူးမီးပန်းများ ပစ်ဖောက်မှုပြုလုပ်ခဲ့ကြပါတယ်။
မီးခိုးများကြောင့် ကွင်းအတွင်း မြင်နိုင်စွမ်း မရှိမှုနှင့်အတူ ဒိုင်လူကြီးဟာ မီးခိုးလွင့်စင်ကွယ်ပျောက်တဲ့အထိ ပွဲစတင်ရေးအား ရွှေ့ဆိုင်းခဲ့ရပါတယ်။

image