၃၉ မှတ်အတွက် ကစားရန် ကျန်နေသေးပေမယ့် အာဆင်နယ် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်မယ်လို့ လောင်းကြေးထပ်ထားသူများအား ဒိုင်ဘက်က လျော်ကြေးပေးလာ
======================
ဗြိတိန်ဘွတ်ကီဒိုင် PADDY POWER ဟာ ရမှတ် ၃၉ မှတ်အတွက် ကစားရန် ကျန်နေသေးပေမယ့်လည်း ယခုရာသီ ပရီးမီးယားလိဂ်ဖလားအား အာဆင်နယ်ရမယ်လို့ လောင်းကြေးထပ်ထားသူများအား လျော်ကြေးပေးလာပြီ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ စနေနေ့တုန်းက ဆန်းဒါးလန်းကို အနိုင်ရရှိပြီးနောက် ဒုတိယနေရာမှ မန်စီးတီးကို ရမှတ် ၉ မှတ်အထိ ဖြတ်ထားလာနိုင်ခဲ့ပါတယ်။
အာဆင်နယ်ဟာ မာတင်ဇူဘီမန်ဒီရဲ့အဖွင့်ဂိုး၊ ဗစ်တာယိုကီရေးစ်ရဲ့ သွင်းဂိုး ၂ ဂိုးတို့ဖြင့် ဆန်းဒါးလန်းကို ၃-၀ ဖြင့် ပြတ်ပြတ်သားသား အနိုင်ရခဲ့တာပါ။
ယခုအခါ အိုင်ယာလန်ဘွတ်ကီဒိုင် PADDY POWER ဟာ လန်ဒန်မြိုခံပြိုင်ဘက် စပါးစ်နှင့်ပွဲ အပါအဝင် ၁၃ ပွဲ ကစားရန် ကျန်နေသေးပေမယ့်လည်း အာဆင်နယ်အား ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်မယ်လို့ လောင်းကြေးထပ်ထားသူများအား ကြေးအလျော်ပေးလာပြီ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ရာသီမစတင်မီတုန်းက ချန်ပီယံဖြစ်ရန် တတိယရေပန်းအစားဆုံးအသင်းအဖြစ် ရပ်တည်ခဲ့တဲ့အသင်းပါ။
PADDY POWER ဟာ ယခုရာသီအစောပိုင်းတုန်းက စကော့တလန်ပရီးမီးယားလိဂ်ဖလားအား ဆဲလ်တစ်အသင်း ဆွတ်ခူးမယ်လို့ လောင်းထားသူများအား ငွေအလျော်ပေးခဲ့ဖူးပါတယ်။
ဒါပေမယ့် ယင်းသို့ PADDY POWER ဘက်က လောင်းကြေးအလျော်ပေးလာပြီးနောက် ဆဲလ်တစ်တို့ ရလဒ်ပိုင်း ယိမ်းယိုင်ခဲ့ရာ ထိပ်ဆုံးမှ ဟတ်နှင့် ၆ မှတ်အကွာသို့အထိ ရောက်နေပါတယ်။
PADDY POWER ဟာ ပြီးခဲ့တဲ့ရာသီတုန်းကလည်း ၂ ပွဲတည်းသာ ကစားရသေးတဲ့အချိန်တွင် အဲဗာတန်ကို တန်းဆင်းရမယ်လို့ လောင်းကြေးထပ်ထားသူများအား လျော်ကြေးပေးခဲ့ဖူးပါတယ်။

image