ယူနိုက်တက်ရဲ့ ဖခင်ဝိန်းရွန်းနီခြေရာနင်းနိုင်မယ့် ကမ်းလှမ်းမှု ရရှိပြီး ရက်အတန်ကြာတွင် ယူ-၁၆ အသင်းအတွက် တစ်ပွဲတည်း ၄ ဂိုးသွင်းလာတဲ့ ကိုင်ရွန်းနီ
==================
ဝိန်းရွန်းနီရဲ့သား ကိုင်ရွန်းနီဟာ ပရော်ဖက်ရှင်နယ်စာချုပ်ကမ်းလှမ်းခြင်းခံခဲ့ရပြီးနောက် ယူနိုက်တက်ယူ-၁၆ အသင်းအတွက် တစ်ပွဲတည်းတွင် ၄ ဂိုးသွင်းယူလာပါတယ်။
အသက် ၁၆ နှစ်ရှိ ကိုင်ရွန်းနီဟာ မကြာသေးမီတုန်းက ယူနိုက်တက်ရဲ့ ပရိုစာချုပ်ကမ်းလှမ်းခြင်းခံခဲ့ရသူလည်း ဖြစ်ပါတယ်။
ဘယ်သန်တိုက်စစ်မှူးရွန်းနီဟာ ယူနိုက်တက်အကယ်ဒမီတွင် နှစ်အတန်ကြာ ကစားလာသူ ဖြစ်ပြီး သူ့ပါရမီစွမ်းကြောင့် နည်းပြများရဲ့ အားကျကျေနပ်ခြင်းခံနေရသူလည်း ဖြစ်ပါတယ်။
ယခုနွေတွင် ကျောင်းပြီးလာတဲ့ ရွန်းနီဟာ ယူနိုက်တက်ရဲ့ စကော့လားတစ်နှစ် ကမ်းလှမ်းခြင်းခံထားရပါတယ်။
သူဟာ စကောလားကုန်ဆုံးပြီးပါက ၃ နှစ်သက်တမ်းရှိ ပရော်ဖက်ရှင်နယ်စာချုပ်ကမ်းလှမ်းခြင်းခံလာရမှာ ဖြစ်ပြီး လက်မှတ်ထိုးကြေးအပြင် တစ်နှစ်လုပ်ခ ပေါင် ၅၀၀၀၀ ရရှိလာပါမယ်။
လက်ရှိအချိန်တွင် ဝိန်းရွန်းနီမိသားစုက ယူနိုက်တက်ရဲ့ကမ်းလှမ်းမှုကို စဉ်းစားနေဆဲ ဖြစ်ပြီး လက်မခံရသေးပါဘူး။
ဒါပေမယ့် တဖက်တွင် ကိုင်ရွန်းနီဟာ ကွင်းအတွင်းမှာ သူ့ စွမ်းဆောင်ရည်ကို ပြသပြီး ဖခင်ခြေရာနင်းမယ့်သူအဖြစ် ဆက်လက်ပြသနေပါတယ်။
သူဟာ နော့ဝှစ်ချ်ကို အနိုင်ရတဲ့ PL ဖလားပြိုင်ပွဲဆီမီးဖိုင်နယ်ပွဲတွင် ၄ ဂိုးသွင်းလာကြောင်း အင်စတာဂရမ်ကနေ ပရိသတ်များကို အသိပေးလာပါတယ်။
သူဟာ လက်တစ်ဖက်တွင် ဘောလုံးကို ကိုင်ကာ ကျန်လက်တစ်ဖက်တွင် လက်လေးချောင်းထောင်ပြထားတဲ့ ဓာတ်ပုံနှင့် အဝတ်အစားလဲခန်း ကြမ်းခင်းတွင် ကျောနံပါတ် ၇ ကို ခင်းကာ ရိုက်ကူးထားတဲ့ ဓာတ်ပုံအား မျှဝေလာပါတယ်။
ယူနိုက်တက်သမိုင်းတွင် ဂိုးအများဆုံးသွင်းယူထားတဲ့ ဝိန်းရွန်းနီရဲ့သား ကိုင်ရွန်းနီဟာ အခြားပါရမီရှင် ၁၃ ဦးတို့နှင့်အတူ ယူနိုက်တက်ရဲ့ စကော့လားကမ်းလှမ်းခြင်းခံထားရတာပါ။
ကမ်းလှမ်းခံထားရသူများတွင် ယာယီနည်းပြမိုက်ကယ်ကာရစ်ရဲ့သား ဂျေဆီကာရစ်လည်း ပါဝင်ပါတယ်။

image