"နေတတ်အောင် နေပါ"
~~~~~~~~~~~~~~
လူ့ဘဝရတာချင်းတူရင်တောင်
နေတတ်တဲ့သူက စိတ်ချမ်းသာတယ်။
တစ်ရက်မှာ (၂၄)နာရီအချိန်ရတာချင်းတူရင်တောင်
အသုံးချတတ်တဲ့ သူက အကျိုးပိုရှိတယ်။
ဘဝမှာ စိတ်ထားတတ်တဲ့သူက
အဆင်မပြေလည်း ဘယ်နေရာမဆို
စိတ်ချမ်းသာအောင် နေတတ်တယ်။
တကယ်တော့ လူတိုင်းမှာ
အတွေးကိုယ်စီ၊ အပူကိုယ်စီနဲ့ပါ။
ဒါပေမယ့်...
အတွေးတွေကို ထိန်းနိုင်တဲ့သူနဲ့
အပူတွေကို အေးအောင် ငြိမ်းနိုင်တဲ့သူက
အေးချမ်းမှု ပိုရသွားတာပေါ့ ။
ဘာမဟုတ်တဲ့ လူတွေအတွက်နဲ့
စိတ်ညစ်မခံ ပါနဲ့။
ဘာမဟုတ်တဲ့ ကိစ္စ
အသေးအမွှားလေးတွေအတွက်နဲ့
ခေါင်းထဲထည့်မနေပါနဲ့။
ခုမဟုတ်ရင်တောင်
အချိန်အတိုင်းအတာ တစ်ခုခုမှာ
ပြောင်းလဲချင် ပြောင်းလဲသွားမှာပါ။
ပြီးခဲ့သမျှတွေကို
ဒီနေ့မှာချန်ထားခဲ့လိုက်ပါ
မနက်ဖြန်ထိ သယ်မသွားပါနဲ့။
သူ့ကြောင့် ငါ့ကြောင့်မတွေးပဲ
ဖြစ်ပျက်သမျှတွေအပေါ်
စိတ်ထားပုံ ထားနည်း ကွာသွားရင်ပဲ
ခွင့်လွှတ်ပေးနိုင်သူ
မေတ္တာ ထားနိုင်သူက
ငြိမ်းချမ်းတာပါပဲ ...။
🙏 ဆရာတော် ဦးဇောတိက - (မဟာမြိုင်တောရ)