1 ရက် - ဘာသာပြန်ပါ။

သီတဂူဆရာတော်ကြီးအား နိုင်ငံတော် ယာယီသမ္မတဖူးမြှော်ကြည်ညို မန္တလေးငလျင်ကြီးဒဏ်သင့် ဘုရားစေတီပုထိုးတော်များ ပြုပြင်ရာ၌အသုံးပြုရန် အလှူငွေကျပ်သိန်း (၃၀၀) ဆက်ကပ်လှူဒါန်း

နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ဖေဖော်ဝါရီ ၆ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိသီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့ သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်၊ သီတဂူ စက္ခုဒါနဆေးရုံသို့သွား ရောက်ခဲ့သည်။

ထိုသို့ သွားရောက်ပြီးနောက် သီတဂူဆရာတော်ကြီးအားဖူးမြော်ကြည်ညိုပြီး သာသနာရေးဆိုင်ရာများမေးမြန်းလျှောက်ထားပြီး ဆရာတော်ကြီးထံမှ ဩဝါဒကထာများနာယူပြီးနောက် သီတဂူဆရာတော်ကြီးမှ နိုင်ငံ တော်ယာယီသမ္မတကို ဓမ္မလက်ဆောင်များပေးအပ် ခဲ့သည်။

ထို့နောက် သီတဂူဆရာတော်ကြီးအား နိုင်ငံတော်ယာယီသမ္မတမှ လူဖွယ်ဝတ္ထုပစ္စည်းများနှင့် မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဘုရား၊စေတီပုထိုးများ ပြုပြင်ရေးလုပ်ငန်းများတွင် အ သုံးပြုရန် အလှူငွေကျပ်သိန်း (၃၀၀) ကိုဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့ပြင် နိုင်ငံတော် ယာယီသမ္မတသည် သီတဂူ စက္ခုဒါနဆေးရုံတွင် လာရောက်ကုသခွဲစိတ်မှုခံယူထားသူများအား မျက်မှန်များတပ်ဆင်ပေးပြီး ဆေးရုံအတွင်း မျက်စိခွဲစိတ်ကုသမှုခံယူရန်စောင့်ဆိုင်းနေသူများအား တစ်ဦးချင်း နှုတ်ဆက်အားပေးစကားပြောကြားခဲ့သည်။

သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့ သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်၊ သီတဂူစက္ခုဒါနဆေးရုံတွင် ဆေးရုံတက်ရောက်ကုသရန် လာရောက်မျက်စိစမ်းသပ်သူ (၁,၆၀၀) ဦးခန့်ရှိကာ ၎င်းတို့အနက် (၅၀၀) ဦးခန့်သည် မျက်စိခွဲစိတ်ကုသရန်လိုအပ်သူများဖြစ်၍ အခမဲ့ခွဲစိတ်ကုသပေးလျက်ရှိသည်။

image