1 ရက် - ဘာသာပြန်ပါ။

ရန်ကုန်တိုင်းသည် မြန်မာနိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကမြို့တော်ကြီးတစ်မြို့ဖြစ်ဟု နိုင်ငံတော် ယာယီသမ္မတပြော

ဒလမြို့သည်လည်း ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့ကိုဆက်သွယ်ထားသည့် ဝင်ပေါက်မြို့တစ်မြို့ဖြစ်လာမည်

ရန်ကုန်တိုင်းသည် မြန်မာနိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကမြို့တော်ကြီးတစ်မြို့ဖြစ်ပြီး ဒလမြို့သည်လည်း ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့ကိုဆက်သွယ်ထားသည့် ဝင်ပေါက်မြို့တစ်မြို့ဖြစ်လာမည်ဟု နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဖေဖော်ဝါရီ ၆ ရက်နံနက်ပိုင်းက မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ) တံတားဖွင့်ပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းသည် မြန်မာနိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကမြို့တော်ကြီးတစ်မြို့ဖြစ်ပြီး ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ လူဦးရေတိုးပွားလာမှုကြောင့် တစ်နေ့တာသွားလာသည့်ယာဉ်စီးရေ သိသိသာသာတိုးမြင့်လာခဲ့သဖြင့် ရန်ကုန်တိုင်းအတွင်း မြို့တော်အင်္ဂါရပ်နှင့်ကိုက်ညီရန်၊ ယာဉ်ကြောသွားလာမှုစနစ်တကျဖြစ်စေရန် မြို့တွင်းလမ်းများတိုးချဲ့ခြင်း၊ ခုံးကျော်တံတားများတည်ဆောက်ခြင်းနှင့် လိုအပ်သည့်နေရာများတွင် လေးလမ်းသွား မြစ်ကူးတံတားကြီးများတည်ဆောက်ပေးခြင်းတို့ကိုဆောင်ရွက်ပေးခဲ့သည်ဟု ပြောသည်။

ထိုသို့ ဆောင်ရွက်ပေးခဲ့သဖြင့် ယာဉ်ကြောပိ-တ်ဆို့မှု လျှော့ချနိုင်ပြီး ခရီးသည်နှင့်ကုန်စည်စီးဆင်းမှုမြန်ဆန်လာ၍ ပြည်သူလူထု၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးကဏ္ဍများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကာ ယနေ့တွင် မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ) တံတားတည်ဆောက်ပြီးပြီဖြစ်ရာ ရန်ကုန်တိုင်း၊ ဒလ၊ တွံတေးရန်ကုန်မြို့မှ၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့များကို လွယ်ကူလျင်မြန်စွာသွားလာနိုင်မည်ဟု ပြောသည်။

ထို့အတူ ဧရာဝတီတိုင်းရှိမြို့များသို့လည်း လွယ်ကူလျင်မြန်စွာသွားလာနိုင်မည်ဖြစ်ကာ ဒလမြို့သည် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့ကိုဆက်သွယ်ထားသည့် ဝင်ပေါက်မြို့တစ်မြို့ဖြစ်လာပြီး ဒေသတွင်းထုတ်ကုန်များကို ကုန်းလမ်းမှအချိန်တိုအတွင်းသယ်ယူပို့ဆောင်နိုင်မည်ဟု ပြောသည်။

ထို့ပြင် ဒေးဒရဲတံတားမှတစ်ဆင့် ဒေးဒရဲ၊ ဖျာပုံ၊ ဘိုကလေးမြို့နှင့် ကမ်းခြေဒေသများအပါအဝင် ဧရာဝတီတိုင်းရှိမြို့များကိုလည်း လွယ်ကူလျင်မြန်စွာဆက်သွယ်သွားလာနိုင်မည်ဖြစ်ကာ ရန်ကုန်မြို့လယ်ဧရိယာနှင့် ကုန်းလမ်းဆက်သွယ်ရေးတိုက်ရိုက်ချိတ်ဆက်နိုင်ပြီဖြစ်၍ ဒလမြို့အပါအဝင် တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့များလည်း မြို့ပြအသွင်ဆောင်ပြီး တစ်ပြိုင်တည်းဖွံ့ဖြိုးတိုးတက်လာမည်ဟု နိုင်ငံတော်ယာယီသမ္မတက ပြောကြားခဲ့သည်။

image