မြေစာ ဇာတ်ကားဖြင့် အမျိုးသားဇာတ်ဆောင်ဆု တစ်ပြေးနေသည့် မြင့်မြတ်

အခြေခံလူတန်းစား စည်ပင်သန့်ရှင်းရေးဝန်ထမ်းများ၏ ဘဝကို အခြေခံရို-က်ကူးထားသည့်မြေစာ ဇာတ်ကားဖြင့် အမျိုးသားဇာတ်ဆောင်ဆုကို သရုပ်ဆောင်မြင့်မြတ်က တစ်ပြေးနေသည်။

"မြေစာ”ရုပ်ရှင်ဇာတ်ကားသည် ‘အစ်ကိုကြီး အဖအရာ’ မေတ္တာတရားကိုဖော်ကျူးကာ ငွေကြေးမပြည့်စုံမှုများ၏နောက်ကွယ်မှာ မိသားစုဝင်များအတွက် လိုအင် မပြည့်ဝမှု၊ မိမိ၏အလုပ်က ဘယ်လောက်ပဲ သမာအာဇီဝကျသည့် အလုပ်အကိုင်ဖြစ်နေပါစေ မိသားစုဝင်တွေအပါအဝင် လူအများ၏ အထင်အမြင်သေးမှုခံရခြင်း၊ ကျေးဇူးတရားအပေါ် မေ့လျော့စွာစော်ကားမှုတွေကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များကို ပညာပေးအဖြစ် ထည့်သွင်းရို-က်ကူးပုံဖော်ထားခြင်းဖြစ်သည်။

“မြေစာ”ရုပ်ရှင် ဇာတ်ကားကို “ရွှေနဒီရွှေရည်” ရုပ်ရှင် ထုတ်လုပ်ရေးကထုတ်လုပ်ပြီး ဒါရို-က်တာနေပိုင် ရိုက်ကူးပုံဖော်ထားကာအကယ်ဒမီ မြင့်မြတ်၊ စည်သူဝင်း၊ အကယ်ဒမီ အေးမြတ်သူ၊ သံသာညီ၊ ဆင်မတို့နှင့်အတူ စည်ပင်သန့်ရှင်းရေးဝန်ထမ်းများက အားဖြည့်ထားသည်။

အဆိုပါဇာတ်ကားဖြင့် ဆင်မ သည်လည်း အမျိုးသားဇာတ်ပို့ဆုရရှိနိုင်သည်ဟု ပရိသတ်များက ခန့်မှန်းထားကြသည်။

မြင့်မြတ်သည် ၂၀၁၇ ခုနှစ်တွင် အမှောင်တွေရွာချသည့်မိုးတိမ် ဇာတ်ကားဖြင့် အမျိုးသားဇာတ်ပို့ဆု၊ ၂၀၁၉ ခုနှစ်တွင် ရိုးမပေါ်ကျသည့်မျက်ရည်ဖြင့် အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့သည်။

image