3 ပတ် - ဘာသာပြန်ပါ။

ထရာအိုရီနှင့် ဒေါသတကြီးပြဿနာတက်မှုရဲ့ တကယ့်အဖြစ်အပျက်ကို ကူကူရယ်လာ ဖွင့်ဟပြောကြားလာ
==================
မာ့ခ်ကူကူရယ်လာက ချဲလ်ဆီးနှင့် ဝက်စ်ဟမ်းပွဲစဉ်တွင် အဒါမာထရာအိုရီနှင့် ပြဿနာတက်တဲ့ ဖြစ်စဉ်အတွင်းတွင် သူ့အသက်ကို ဂျိုအာပီဒရို ကယ်တင်ခဲ့ကြောင်း ပြောကြားလာပါတယ်။

အဆိုပါပွဲပြီးခါနီးတွင် ထရာအိုရီဟာ ကူကူရယ်လာအား ကွင်းမြင်ခင်းတွင် ဆွဲလှဲခဲ့ပြီး ဂျိုအာပီဒရိုက ဝင်ရောက်လာကာ တွန်းထိုးခြင်းခံခဲ့ရပါတယ်။

ယင်းနောက် နှစ်ဖက်ကစားသမားတို့ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး ဂျိန်းကလဲယားတိုဒီဘိုမှာ ပီဒရိုကို လည်ပင်းညှစ်မှုအတွက် အနီကတ်ပြသခြင်းခံခဲ့ရသလို ထရာအိုရီမှာလည်း အဝါကတ်ပြသခြင်းခံခဲ့ရပါတယ်။

ပီဒရိုဟာ ကူကူရယ်လာအား ကူညီခဲ့မှုအတွက် ချီးကျူးခြင်းခံခဲ့ရသလို သူ့ကို အားသုံး အနိုင်ကျင့်ရန် ကြိုးပမ်းတဲ့ ထရာအိုရီလက်ထဲမှ ထွက်ပြေးမှုအတွက် လှောင်ပြောင်ခြင်းခံခဲ့ရပါတယ်။

အထက်ပါ အဖြစ်အပျက်နှင့်ပတ်သက်ပြီး ကူကူရယ်လာက "ဂျိုအာပီဒရိုက ကျုပ်အသက်ကို ကယ်လိုက်တာ။ ကျုပ်သာ ဂျိုအာနေရာမှာဆိုရင် ထွက်ပြေးမိမှာဘဲ။ ပွဲပြီးခါနီးတော့ ကျွန်တော့်ခန္ဓာကိုယ်နဲ့ နည်းနည်းဖိတွန်းလိုက်ချိန်မှာ လုံးထွေးသွားကြတယ်။ တကြိမ် ကျွန်တော် ပြထလာတော့ သူနဲ့ အရမ်းနီးတာ မြင်လိုက်ရတယ်။ သူ့ကို ခေါင်းနဲ့ ဝင်ထိုးမယ်လို့ တွေးလိုက်မိတယ်။ အဲဒီနောက်မှာတော သူက ကျွန်တော့်ကို ညှစ်တယ် ပြီးရင် ဆွဲလှဲလိုက်တယ်။ တကယ့်ကို လုံးထွေးသွားတာ။ ဒါတွေ ဖြစ်ပျက်သွားတယ်။ ဒါကို ပြဿနာတစ်ရပ်လို့ မမြင်ပါဘူး။ ဒါပေမယ့် လမ်းမှာ သူနဲ့ တွေ့ရင် နှုတ်ဆက်ရမှာတောင် ခပ်ရွံ့ရွံ့ပဲ"လို့ ပြောကြားသွားပါတယ်။

တဖက်တွင် ဝက်စ်ဟမ်းစတားထရာအိုရီက "ပွဲချိန်မြင့်တဲ့ကာလမှာ ဖြစ်သွားတာ။ ဒီထက် ဘာမှ မပိုပါဘူး။ မာ့ခ်ဆီ ဒေါသအလျှောက် ပြေးသွားမိတယ်။ သူက လူကောင်းဆိုတာ သိပါတယ်။ ကိုယ်ရေးကိုယ်တာမဟုတ်ပါဘူး။ ကွင်းထဲမှာပဲ ထားခဲ့ပါတယ်"လို့ တုံ့ပြန်သွားပါတယ်။

ကူကူရယ်လာဟာ Som3cat သို့ ဗီဒီယိုဖုန်းခေါ်ဆိုမှုအစီအစဉ်တွင် ပြောဆိုခဲ့တာ ဖြစ်ပြီး ယင်းအချိန်တွင် ထရာအိုရီကလည်း ယင်းဗီဒီယိုခေါ်ဆိုမှုတွင် ပါဝင်လာခဲ့တာလည်း ဖြစ်ပါတယ်။

၎င်းတို့ဟာ ချဲလ်ဆီးနှင့် ဝက်စ်ဟမ်းပွဲတွင် မတော်တဆဖြစ်ပြီးနောက် ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်တွေ့ခဲ့တာလည်း ဖြစ်ပါတယ်။ ၎င်းတို့နှစ်ဦးဟာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကို အငြိးအတေးမထားဘဲ ရယ်မောစွာ ပြောဆိုခဲ့ကြတာလည်း တွေ့ရပါတယ်။

image