🦷 သွားကိုက်ခြင်း၊ သွားပိုးစားခြင်းနဲ့ သွားဖုံးရောင်ခြင်းတိုကို မိနစ်ပိုင်းအတွင်း သက်သာစေမယ့်နည်းလေးပါ။
ဆေးသောက်စရာမလိုဘဲ အိမ်မှာတင် ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ ရိုးရှင်းတဲ့ နည်းလမ်းလေးဖြစ်ပါတယ်။
အထူးသဖြင့် ညဘက်မှာ ရုတ်တရက် သွားကိုက်လာပြီဆိုရင် မီးဖိုချောင်ထဲမှာ အလွယ်တကူရှိတဲ့ ပစ္စည်းတွေနဲ့ ဒီနည်းလေးကို စမ်းကြည့်ဖို အကြံပြုပါရစေ။
👉 ပြုလုပ်နည်း -
1. ကြက်သွန်ဖြူ အတက်အသေး ၁ တက် သိုမဟုတ် ၂ တက်ကို အခွံနွှာပြီး ညက်နေအောင် ထောင်းပါ။
2. ၎င်းထဲသို ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့်ထည့်ပြီး သမအောင် ရောမွှေပါ။
3. ရလာတဲ့ အနှစ်ကို သွားကိုက်နေတဲ့နေရာ (သိုမဟုတ်) သွားပိုးစားနေတဲ့နေရာပေါ် တင်ပေးပါ။
4. ပြီးနောက် ၅ မိနစ်ခန့် ခပ်ဖွဖွလေး ကိုက်ထားပေးပါ။
မှတ်ချက် - ကြက်သွန်ဖြူနံ့နဲ့ အရသာက အနည်းငယ် ပြင်းနိုင်ပေမယ့် သွားကိုက်တာကိုတော့ သိသိသာသာ ပျောက်ကင်းစေပါတယ်။ အချိန်ပြည့်ရင်တော့ ရေစင်စင်နဲ့ ပလုတ်ကျင်းပေးပါ။
📌 ဒီနည်းလမ်းဟာ သွားဆရာဝန်ဆီ ချက်ချင်းသွားဖို မလွယ်ကူတဲ့ ညဘက်တွေလိုမျိုး အရေးပေါ်အခြေအနေတွေအတွက် အလွန်သင့်တော်ပါတယ်။ လိုအပ်တဲ့အခါ အသုံးပြုနိုင်ဖို မှတ်သားထားလိုက်ပါဦးနော်။