2021 ခုနှစ်တုန်းက နိုင်ဂျီးရီးယားနိုင်ငံမှာ အမျိုးသားတစ်ဦးဟာ သူ့ချစ်သူအမျိုးသမီး ခရီးသွားနေစဉ်မှာ သူမဆီကနေ နိုင်ဂျီးယားငွေ နိုက်ရာ (Naira) ၁၀,၀၀၀ ကို ခွင့်ပြုချက်မရှိဘဲ ယူပြီး လောင်းကစားလုပ်ခဲ့ပါတယ် အဆိုပါအမျိုးသား ဟာ အဲ့ဒီငွေနဲ့ လောင်းကစားလုပ်ခဲ့ရာမှာ ကံကောင်းထောက်မစွာနဲ့ နိုက်ရာ သန်း ၁၀၀ အထိ အနိုင်ရရှိခဲ့ပါတယ် ဒါဟာ သူခိုးယူပြီး လောင်းခဲ့တဲ့ငွေ ပမာဏထက် အဆပေါင်းများစွာ သာလွန်တဲ့ ပမာဏပဲဖြစ်ပါတယ်
သူနိုင်တဲ့အခါမှာတော့ ချစ်သူဆီက ခိုးယူထားတဲ့ မူလအရင်း နိုက်ရာ ၁၀,၀၀၀ ကို ပြန်ပေးခဲ့ပါတယ် ဒါပေမဲ့ အမျိုးသမီးကတော့ သူမရဲ့ငွေကို ခိုးယူသွားတဲ့အတွက် ဒေါသထွက်နေသလို သူမရဲ့ငွေနဲ့ နိုင်လာတဲ့ ငွေထဲက သန်း ၄၀ (၄၀ ရာခိုင်နှုန်း) ကို နစ်နာကြေး အဖြစ် တောင်းဆိုခဲ့ပါတယ် အမျိုးသားကတော့ အရင်းပြန်ပေးပြီးပြီဖြစ်လို့ အဲ့ဒီလောက်အများကြီး မပေးနိုင်ဘူးလို့ ငြင်းဆန်ခဲ့တာကြောင့် နှစ်ဦးသားကြားမှာ အခြေအတင်ဖြစ်ခဲ့ကြပါတယ်
အွန်လိုင်းပေါ်ကသူတွေကလည်း သူမငွေနဲ့ နိုင်တာဖြစ်လို့ သူမမှာ ရပိုင်ခွင့်ရှိတယ် ဆိုတဲ့ဆိုပြီး ပြောကြသလို အချို့ကလည်း အရင်းပြန်ရပြီပဲ ကျန်တာက အမျိုးသားရဲ့ ကံနဲ့ ဆုံးဖြတ်ချက်ကြောင့်ရတာ ဆိုပြီးငြင်းခုံခဲ့ကြပါတယ် ဥပဒေကြောင်းအရဆိုရင်တော့ သူမရဲ့ငွေကို အရင်းပြုထားတာကြောင့် သူမမှာ အကျိုးအမြတ်အချို့အပေါ် ရပိုင်ခွင့် ရှိနိုင်သလို ခိုးယူမှုအတွက်လည်း တရားစွဲဆိုနိုင်တဲ့ အခွင့်အရေး ရှိနေပါတယ်
ဒါကြောင့် ဒီဖြစ်ရပ်ဟာ ဘယ်လောက်ပဲ ရင်းနှီးတဲ့ သူတွေဖြစ်ပါစေ ငွေနဲ့ ပတ်သက်ရင် လူတွေရဲ့ စရိုက်အမှန်ကတော့ ပေါ်လာတတ်တယ်ဆိုတာကို ဖော်ပြနေတဲ့ ဖြစ်ရပ်တစ်ခုပဲဖြစ်ပါတယ်
#facts #whatthefacts