သိပ္ပံနှင့် နည်းပညာကဏ္ဍကို နိုင်ငံတော်၏အနာဂတ်
အင်အားအဖြစ်ရှုမြင်ဟု နိုင်ငံတော် ယာယီသမ္မတပြော
သိပ္ပံနှင့် နည်းပညာကဏ္ဍကို နိုင်ငံတော်၏အနာဂတ်အင် အားအဖြစ်ရှုမြင်ပြီး နည်းပညာနှင့် ကွန်ပျူတာတက္က သိုလ်များအရည်အသွေးကို အရှိန်အဟုန်မြှင့်တင်ပေးခဲ့သည်ဟု နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ယနေ့ ဖေဖော်ဝါရီ ၅ ရက်နံနက်ပိုင်းက ရန်ကုန်တက္က သိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပသည့် နိုင်ငံတော် ယာယီသမ္မတအား ရန်ကုန်တက္ကသိုလ်မှ ဂုဏ်ထူး ဆောင်ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပါရဂူဘွဲ့အပ်နှင်းခြင်းအခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အထူးသဖြင့် နေပြည်တော်တွင် ကမ္ဘာ့အဆင့်မီ Naypyitaw State Academy နှင့် Naypyitaw Polytechnic University တို့ကိုဖွင့်လှစ်ပေးနိုင်ခဲ့ပြီး တိုင်းနှင့် ပြည်နယ်တစ်ခုစီတွင်လည်း Polytechnic University များကိုတည်ထောင်ခဲ့ခြင်းမှာ နိုင်ငံတော်အ တွက်လိုအပ်နေသော အဆင့်မြင့်အင်ဂျင်နီယာများနှင့် သုတေသနပညာရှင်များ မွေးထုတ်ပေးရန်ကြီးမားသည့်ခြေလှမ်းတစ်ရပ်ဖြစ်သည်ဟု ပြောသည်။
ထို့ပြင် မိမိတို့ဆောင်ရွက်ခဲ့သည့် ပြုပြင်ပြောင်းလဲမှုများသည် နောင်လာမည့် နှစ်ပေါင်းများစွာတိုင်အောင် နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အ ခြေခံအုတ်မြစ်ကောင်းများဖြစ်လာမည်ဟု ပြောသည်။
" မိမိကိုအပ်နှင်းတဲ့ ဂုဏ်ထူးဆောင်ဘွဲ့နဲ့အညီ နိုင်ငံ တော်အနေနဲ့ ပညာရေးကိုခေတ်မီဖွံ့ဖြိုးတိုးတက်စေဖို့ အမျိုးသားရေးဦးတည်ချက်အဖြစ်ဆက်လက်ပြီး အ ရှိန်အဟုန်မပျက်အားပေးကူညီသွားမှာပါ"ဟု နိုင်ငံ တော်ယာယီသမ္မတက ပြောသည်။
ထို့ပြင် မိမိအနေဖြင့် ရန်ကုန်တက္ကသိုလ်ကြီး၏ကျောင်း သားဟောင်းတစ်ယောက်အဖြစ်အမြဲခံယူပြီး တက္က သိုလ်ကြီး၏ အတိတ်ဂုဏ်ရည်ကို ပြန်လည်ဖော်ဆောင်ပြီး ကမ္ဘာ့အဆင့်မီတက္ကသိုလ်တစ်ခုဖြစ်လာစေရန် ဘက်ပေါင်းစုံမှအဆင့်မြှင့်တင်မှုများကို ဆက်လက်ပံ့ပိုးကူညီပေးသွားမည်ဟု ပြောသည်။
ထို့အတူ တက္ကသိုလ်ကြီး၏ သမိုင်းဝင်အဆောက်အအုံများကို ထိန်းသိမ်းရုံမက သင်ကြားရေးနှင့် သုတေသန ကဏ္ဍများတွင်လည်း နိုင်ငံတကာစံနှုန်းများနှင့်အညီဖြစ်စေရန်ကြိုးပမ်းနေခြင်းသည် နောင်လာမယ့် မျိုး ဆက်သစ်များအတွက် ဂုဏ်ယူဖွယ်ရာပညာရေး ပတ် ဝန်းကျင်ကောင်းတစ်ခု ဖန်တီးပေးလိုခြင်းပဲဖြစ်ကာ ရန်ကုန်တက္ကသိုလ်ကြီးသည် နောင်နှစ်ပေါင်းများစွာတိုင် နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်သော လူသား အ ရင်းအမြစ်များကို ဆက်လက်မွေးထုတ်ပေးနေမည့် အ သိပညာ၏ အလင်းတိုင်ကြီးအဖြစ်ဆက်လက်တည်ရှိနေရမည်ဟု နိုင်ငံတော် ယာယီသမ္မတက ပြောကြားခဲ့သည်။

image