"ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့" အတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ အလှုငွေကျပ် (၅)သိန်း ပေးအပ် လှူဒါန်း
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ တောင်ညိုလမ်း၌ ယာဉ်တိမ်းမှောက်ခဲ့သည့် ဇော်လေးနိုင်ဇာတ်သ ဘင်အဖွဲ့အတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးကြည်စိုးထွန်းက အလှူငွေကျပ်(၅)သိန်း ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အကယ်ဒမီဆုပေးပွဲကျင်းပရန် တာဝန်ဖြင့် နေပြည်တော်သို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ အကယ်ဒမီ ဦးကြည်စိုးထွန်းက နေပြည်တော် ခုတင် (၁၀၀၀) ဆေးရုံသို့ ကိုယ်တိုင်လာရောက် ကြည့်ရှုအားပေးကာ လှူဒါန်းခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဇာတ်သဘင် အဖွဲ့သည် တပ်ကုန်းမြို့နယ်သို့ ဖျော်ဖြေရန်သွားစဉ် ဇန်နဝါရီ (၂၈) ရက် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်ပေါ်လိုက်ပါလာတဲ့ ဇာတ်သဘင်အဖွဲ့သား (၂၇) ဦးအနက် (၁၂) ဦး အသက်ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။

image