1 ပတ် - ဘာသာပြန်ပါ။

ရန်ကုန်တက္ကသိုလ်၊ အထူးဘွဲ့နှင်းသဘင်ညစာစားပွဲကို နိုင်ငံတော် ယာယီသမ္မတနှင့် ဇနီးတို့တက်ရောက်
ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ယနေ့ ဖေဖော် ဝါရီ ၅ ရက်ညပိုင်းက နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံ တော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ဂုဏ်ထူး ဆောင်ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပါရဂူဘွဲ့ Honorary Doctor of Public Administration (D.P.A. honoris causa)အထူးဘွဲ့နှင်းသဘင်အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲကျင်းပခဲ့သည်။
ဂုဏ်ပြုညစာစားပွဲသို့ နိုင်ငံတော် ယာယီသမ္မတ၊ ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ပြီး အခမ်းအနားသို့တက်ရောက်လာကြသူများနှင့်အတူ ဂုဏ်ပြုညစာအတူတကွသုံးဆောင်ခဲ့ကြသည်။
ညစာစားပွဲ၌ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်ပညာရေးတ က္ကသိုလ်၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်နှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)တို့မှ ကျောင်းသား၊ ကျောင်းသူများနှင့် နိုင်ငံကျော်တေးသံရှင်များက တေးသရုပ်ဖော်များ၊ တေးသီချင်း များ၊ အကအလှများဖြင့် သီဆိုတီးမှုတ်ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြပြီး နိုင်ငံတော်ယာယီသမ္မတနှင့် ဇနီးတို့ကဂုဏ်ပြုပန်းခြင်းပေးအပ်ခဲ့သည်။
ညစာသုံးဆောင်အပြီးတွင် နိုင်ငံတော်ယာယီသမ္မတထံ ရုရှားနိုင်ငံ Russian Presidential Academy of National Economy and Public Administration, St. Petersburg မှ Director/ Principal ဖြစ်သူ Prof. Andrey Dragomirovich KHLUTKOV နှင့် Altai State Pedagogical University ၏ First Vice-Rector ဖြစ်သူ Prof. Kaigorodov Evgeny Vikorovich တို့ကဂုဏ်ပြုလက်ဆောင်များအားပေးအပ်ခဲ့ကြသည်။
ဂုဏ်ပြုညစာစားပွဲသို့ ကော်မရှင်အတွင်းရေးမှူး ဗိုလ် ချုပ်ကြီးရဲဝင်းဦးနှင့်ဇနီး၊ ကော်မရှင်အဖွဲ့ဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ရန်ကုန် တိုင်းဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒု-ဝန်ကြီးများ၊ ရန်ကုန်တ က္ကသိုလ်ပါမောက္ခချုပ်၊ အထူးဖိတ်ကြားထားသည့် နိုင် ငံတကာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဂုဏ်ထူး ဆောင်ပါမောက္ခဆရာကြီး/ဆရာမကြီးများ၊ ပါမောက္ခများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

image