Western Land–Sea New Corridor သည် မြန်မာ့ထွက်ကုန်များ တရုတ်ဈေးကွက်ဝင်ရောက်မှုလွယ်ကူစေ
မြန်မာ့ထွက်ကုန်များ တရုတ်စျေးကွက်အတွင်းဝင်ရောက်မှုလွယ်ကူခြင်းနှင့်ပတ်သက်၍ ချုံချင့်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ဦးကျော်ဇေယျာလင်းမှ ဖေဖော်ဝါရီ ၄ ရက်က ချုံချင့်ကုန်သည်ကြီးများအသင်းမှကြီးမှူးကျင်းပသည့် ၂၀၂၆ နွေဦးပွဲတော်အကြိုမိတ်ဖက်တွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံအတွင်ရှိ အရေးပါသောမိတ်ဖက်နိုင်ငံဖြစ်ပြီး ချုံချင့်မြို့သည် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ထောက်ပံ့ရေးကွင်းဆင်းပူးပေါင်းဆောင်ရွက်မှုများတွင် အထောက်အကူပြုလျက်ရှိသည်ဟု ပြောသည်။
ထို့ပြင် Western Land–Sea New Corridor မှတစ် ဆင့် မြန်မာ့ထွက်ကုန်များ တရုတ်ဈေးကွက်သို့ဝင်ရောက်မှုကိုလွယ်ကူစေကာ နောင်အနာဂတ်တွင် ဖွံ့ဖြိုးရေးမဟာဗျူဟာများ၏ ကိုက်ညီမှု၊ စီးပွားရေးအသိုက်အဝိုင်းများကြား ဆက်သွယ်ရေးတိုးမြှင့်မှုနှင့် ဒေသဆိုင်ရာစီးပွားရေးလမ်းကြောင်းများကို ထိရောက်စွာ အသုံးချခြင်းတို့မှ တစ်ဆင့် မြန်မာ-ချုံချင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းလာမည်ကို ယုံကြည်သည်ဟု ပြောသည်။
ထို့အတူ ချုံချင့်မြို့သည် တရုတ်နိုင်ငံ အနောက်ပိုင်းကို အရှေ့တောင်အာရှ၊ တောင်အာရှနှင့် ဆက်သွယ်ပေးသည့်အရေးပါသော ကုန်စည်ပို့ဆောင်ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဗဟိုအဖြစ်တည်ရှိပြီး Western Land–Sea New Corridor နှင့် the China–Europe Railway Express ကဲ့သို့ စီမံကိန်းများမှတစ်ဆင့် ဒေသဆိုင်ရာနှင့် နိုင်ငံတကာဆက်သွယ်မှုများကို ခိုင်မာစေလျက်ရှိသည်ဟုလည်း ပြောကြားခဲ့သည်။

image