2 ရက် - ဘာသာပြန်ပါ။

အဲရစ်တန်ဟက်၊ အမိုရမ် လက်ထက်တုန်းက စနစ်များကို အကြီးအကျယ် ပြောင်းလဲ အသုံးပြုနေတဲ့ မိုက်ကယ်ကာရစ်
=====================
မိုက်ကယ်ကာရစ်ဟာ ယူနိုက်တက်ရဲ့အပတ်စဉ် လေ့ကျင့်ခန်းအစီအစဉ်များကို အကြီးအကျယ်ပြောင်းလဲ ပြုလုပ် အသုံးပြုနေပါတယ်။
ယူနိုက်တက်ကစားသမားများဟာ ယခုအခါ ပွဲကစားပြီး နောက်တစ်နေ့တွင် အားလပ်ရက်တစ်ရက် အပြည့် နားရက် ရရှိနေကြပါတယ်။
ယူနိုက်တက်ကစားသမားများဟာ အဲရစ်တန်ဟက်နှင့် ရူဘင်အမိုရမ်လက်ထက်တုန်းက ပွဲကစားပြီး နောက်ရက်တွင် ပြန်လည်အားပြည့်ရေးနေ့ အဖြစ် လုပ်ခဲ့ရပြီး အနည်းဆုံး ၄၅ မိနစ်မကစားခဲ့ရတဲ့ ကစားသမားများမှာ လေ့ကျင့်ခန်း အပြည့်အဝ ဆင်းရပါတယ်။
ဒါပေမယ့် မိုက်ကယ်ကာရစ်လက်ထက်မှာတော့ ပွဲကစားပြီး နောက်တစ်နေ့တွင် ကစားသမားအားလုံးကို တစ်ရက်အပြည့်ပေးမှ ကာရင်တန်လေ့ကျင့်ရေးကွင်းသို့ ပြန်လည်သတင်းပို့စေပါတယ်။
မိုက်ကယ်ကာရစ်ဟာ ယူနိုက်တက်ယာယီနည်းပြအဖြစ် ခန့်အပ်ခြင်းခံရပြီးနောက် ထိရောက်ပြီး တိုတောင်းတဲ့ လေ့ကျင့်ခန်းအစီအစဉ်များသာ ပြုလုပ်စေမှုနှင့်အတူ ကစားသမားများရဲ့ ကျေနပ်မှု အပြည့် ရရှိစေပါတယ်။
ဒါ့အပြင် ကာရစ်ဟာ လက်ထောက်နည်းပြများဖြစ်ကြတဲ့ ဝုဒ်ဂိတ်၊ ဂျွန်နီအီဗန့်တို့နှင့်အတူ ကစားသမားများကို အုပ်စုတစ်ခုချင်းစီအလိုက် လေ့ကျင့်ခန်းဆင်းစေမှု ပြုလုပ်စေလျက်ရှိပါတယ်။
တဖက်တွင် ယူနိုက်တက်ကစားသမားများဟာ အဲရစ်တန်ဟက်၊ အမိုရမ်တို့ လက်ထက်တုန်းက ပွဲမတိုင်မီ ၄ နာရီအလိုတွင် အသင်းနှင့် ပူးပေါင်းခဲ့ရပေမယ့်လည်း ကာရစ်လက်ထက်တွင် နောက်ကျခွင့် ရရှိခဲ့ပါတယ်။
အဲရစ်တန်ဟက်ဟာ ယူနိုက်တက်နည်းပြများတွင် ပွဲကစားပြီး နောက်တစ်ရက်တွင် အပေါ့စားလေ့ကျင့်ခန်းဆင်းစေပြီး ပြန်လည်အားပြည့်ရေး လုပ်ဆောင်စေခဲ့ကာ အမိုရမ်လည်း ယင်းစနစ်ကို ဆက်သုံးခဲ့ပါတယ်။
ယခင်နည်းပြများဖြစ်ကြတဲ့ လူးဝစ်ဗန်ဂါးလ်နှင့် ဒေးဗစ်မိုယက်စ်တို့မှာ ရလဒ်ဆိုးရွားလျှင်ပင် ပွဲကစားပြီး နောက်ရက်ကို နားရက်ပေးခဲ့ပါတယ်။
မော်ရင်ဟိုလက်ထက်မှာတော့ ယူနိုက်တက်ဟာ နားရက်အား ပွဲကစားရက်အပေါ် မူတည်ကာ အပြောင်းအလဲ ပြုလုပ်ပေးခဲ့ပါတယ်။
ယူနိုက်တက်ဟာ ယခုရာသီတွင် ကြားရက်ပွဲနည်းပါးမှုနှင့်အတူ အင်္ဂါနေ့တိုင်းလိုလို အနားပေးလာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ယခုအပတ်မှာတော့ ယူနိုက်တက်ကစားသမားများဟာ တနင်္လာနေ့က နားရက်ရပြီးနောက် အင်္ဂါနေ့တွင် လေ့ကျင့်ခန်းဆင်းခဲ့ပါတယ်။
တဖက်တွင် ယူနိုက်တက်ဟာ ယခုအပတ်တွင် စနေနေ့တွင် အိုးထရက်ိဖု့ဒ်ကွင်းမှာ စပါးစ်ကို ဧည့်ခံကစားရမည်ဖြစ်ရာ တနင်္ဂနွေနေ့မှာ နားရက်ရလာပါမယ်။

image