2 ရက် - ဘာသာပြန်ပါ။

အာဆင်နယ်မှာ လေးစားမှုမရှိတဲ့အသင်းဟု ရိုဆင်နီယာ ဝေဖန်ပြောကြားလာ
=================
ချဲလ်ဆီးနည်းပြလီယမ်ရိုဆင်နီယာက အင်္ဂါနေ့ ခါရာဘောင်ဖလားဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်မတိုင်မီ သွေးပူလေ့ကျင့်ခန်းပြုလုပ်နေစဉ်အတွင်း အာဆင်နယ်မှ မလေးမစားပြုလုပ်ခဲ့ကြောင်း ဝေဖန်ပြောဆိုလာပါတယ်။
ရိုဆင်နီယာဟာ သွေးပူလေ့ကျင့်ခန်းအစီအစဉ်တွင် အာဆင်နယ်အသင်းသားများ ကွင်းတစ်ဘက်ခြမ်းသို့ ကျော်ကာ ပြုလုပ်လာမှုအပေါ် ဒေါသတကြီး အော်ဟစ်ပြောဆိုမှု ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။
အဆိုပါပွဲစဉ်တွင် အာဆင်နယ်တို့ ၁-၀ ဂိုးဖြင့် အနိုင်ရရှိကာ နှစ်ကျော့ပေါင်းရလဒ် ၄-၂ ဖြင့် ခါရာဘောင်ဖလားဗိုလ်လုပွဲသို့ တက်ရောက်သွားခဲ့ပါတယ်။
ရိုဆင်နီယာက "ကစားသမားတွေ မဟုတ်ဘူး။ သွေပူလေ့ကျင့်ခန်းလုပ်တဲ့အခါ ကိုယ့်ကွင်းဘက်ခြမ်းမှာပဲ ရှိရမယ်။ အခြားအသင်းက တစ်ဘက်ကွင်းခြမ်းမှာ ရှိရမယ်။ ကျုပ်အသင်း သို့မဟုတ် နည်းပြတွေကို ပြိုင်ဘက်အသင်းပိုင်နက်ကျူးကျော်ဖို့ တခါမှ မတောင်းဆိုဖူးဘူး။ သူတို့ လုပ်ပုံက မှန်ကန်တယ်လို့ မထင်ပါဘူး။ သူတို့ လုပ်ပုံက ကျုပ်တို့ရဲ့သွေးပူလေ့ကျင့်ခန်းလုပ်မှုအပေါ် ရိုက်ခတ်တယ်။ သူတို့ကို တောင်းဆိုခဲ့တယ်။ လူကြီးလူကောင်း ဆန်ချင်မှ ဆန်ခဲ့လိမ့်မယ်။ သူတို့ကွင်းဘက်ခြမ်းမှာပဲ နေအောင် လုပ်ခဲ့တာ။ Mine Games ကစားဖို့ ရောက်လာတာ မဟုတ်ပါဘူး။ ကျုပ်လုပ်တာ မှန်တယ်ပဲ ထင်တယ်။ လေးစားရမယ်။ လေးလေးစားစားဆက်ဆံခံရဖို့ မျှော်လင့်တယ်။ အခြားအသင်းလည်း အတူတူပဲ"လို့ ပြောကြားသွားပါတယ်။
ဆက်လက်ပြီး ၎င်းက "ဘောလုံးမှာ အားလုံး တန်းတူညီတူပဲ"လို့ ပြောကြားသွားပါတယ်။
ရိုဆင်နီယာဟာ ချဲလ်ဆီးနည်းပြအဖြစ် ခန့်အပ်ခြင်းခံရပြီးနောက် ၈ ပွဲကိုင်တွယ်ရာတွင် နိုင်ပွဲ ၆ ပွဲ ရယူထားပါတယ်။ သူဟာ အာဆင်နယ်အား ရှုံးနိမ်တဲ့ ခါရာဘောင်ဖလားရှုံးပွဲ ၂ ပွဲတည်းသာ ရှုံးနိမ့်ထားတာပါ။
ချဲလ်ဆီးဟာ စနေနေ့ညတွင် ဝုဗ်နှင့် ရင်ဆိုင်ကစားရပါမယ်။

image