ယူနိုက်တက်ရဲ့ စာချုပ်သစ်ကမ်းလှမ်းခြင်းခံရပြီးနောက် ဖခင်ဖြစ်သူ ဝိန်းရွန်းနီရဲ့ ခြေရာကို နင်းနိုင်တော့မယ့် ကိုင်ရွန်းနီ
=====================
ကိုင်ရွန်းနီဟာ ယူနိုက်တက်ရဲ့ စာချုပ်သစ်ကမ်းလှမ်းခြင်းခံလာရပြီးနောက် ဖခင်ဖြစ်သူ စူပါစတားဝိန်းရွန်းနီရဲ့ ခြေရာကို နင်းလာနိုင်တော့မှာ ဖြစ်ပါတယ်။
အသက် ၁၆ နှစ်ရှိ တိုက်စစ်မှူးဟာ ယခုနွေတွင် ကျောင်းပြီးလာသူ ဖြစ်ပြီး ယူနိုက်တက်အကယ်ဒမီတွင် နှစ်အတန်ကြာ ကစားလာသူလည်း ဖြစ်ပါတယ်။
အသက် ၄၀ နှစ်ရှိ ဖခင်ဖြစ်သူမှာ ယူနိုက်တက်ရဲ့ စံချိန်တင်ဂိုးသွင်းဘုရင်ဖြစ်ပါတယ်။
ကိုင်ရွန်းနီဟာ အခြားယူနိုက်တက်ပါရမီရှင် ၁၃ ဦးတို့နှင့်အတူ ယူနိုက်တက်ရဲ့ စာချုပ်သစ်ကမ်းလှမ်းခြင်းခံထားရတဲ့ လူငယ်ပါရမီရှင်အုပ်စုတွင် ပါဝင်နေပါတယ်။
စာချုပ်သစ်ကမ်းလှမ်းခံရသူများထဲတွင် လက်ရှိ ယူနိုက်တက်နည်းပြမိုက်ကယ်ကာရစ်ရဲ့သား ဂျေစီကာရစ်လည်း ပါဝင်ပါတယ်။
ကိုင်ရွန်းနီဟာ ဘယ်သန်တိုက်စစ်သမားတစ်ဦးဖြစ်ပြီး ယူနိုက်တက်ရဲ့ နာမည်ကျော် အကယ်ဒမီအသင်းတွင် နှစ်အတန်ကြာ အရေးပါတဲ့ ကစားသမားအဖြစ် ကစားလာသူ ဖြစ်ပါတယ်။
ယခုနွေတွင် ကျောင်းပြီးလာတဲ့ ရွန်းနီကို ယူနိုက်တက်ဘက်က တစ်နှစ်စကောလားရှစ်ကမ်းလမ်းလာတာလည်း ဖြစ်ပါတယ်။
ကိုင်ရွန်းနီဟာ စကောလားရှစ်ပြီးဆုံးချိန်တွင် ၃ နှစ်စာချုပ်သစ်ကမ်းလှမ်းခံရမှာ ဖြစ်ပြီး တစ်နှစ်လုပ်ခ ပေါင် ၅၀၀၀၀ အပြင် လက်မှတ်ထိုးကြေး ရရှိလာပါမယ်။
လတ်တလောအချိန်တွင် ရွန်းနီမိသားစုဘက်က ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို လက်ခံခြင်း မရှိသေးဘဲ စဉ်းစားနေတုန်း ဖြစ်ပါတယ်။
ယခု ကမ်းလှမ်းမှုခံထားရတဲ့ လူငယ်ပါရမီရှင် ၁၄ ဦးရဲ့ မိသားစုဝင်များအနေဖြင့် လာမယ့် ဇူလိုင်လအထိ စဉ်းစားဆုံးဖြတ်ပိုင်ခွင့် ရှိပါတယ်။ ၎င်းတို့အနေဖြင့် ကမ်းလှမ်းမှုကို ပယ်ချပြီး အခြားကလပ်သို့ ပြောင်းခွင့်လည်း ရှိနေပါတယ်