ဖော်လိုဝါ ၄ သန်းကျော်အထိ ပိုင်ဆိုင်ထားတဲ့ TikTok စတားနှင့် ချစ်ကြိုက်နေတဲ့ စပါးစ်စတား
====================
စပါးစ်လူငယ်ကစားသမားအိုလီဗာအိုင်ရိုးကို ပရိသတ်အမြောက်အမြား သိကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူဟာ အငှားဖြင့် သွားရောက် ကစားနေတဲ့ မန်ဖီးလ်အတွက် ပထမဆုံးကစားတဲ့ပွဲမှာ ၂ ဂိုးသွင်းခဲ့သလို အငြင်းပွားဖွယ်ဆိုရှယ်မီဒီယာစတားနှင့် ချစ်ကြိုက်နေသူလည်း ဖြစ်ပါတယ်။
အသက် ၁၉ နှစ်ရှိ တောင်ပံကစားသမားဟာ ရာသီအကုန်အထိ လိဂ် ၁ ကလပ်သို့ အငှားဖြင့် သွားကစားနေတာ ဖြစ်ပြီး ကွင်းအတွင်း ခြေစွမ်းပြနိုင်မှု၊ TikTok စတားနှင့် ချစ်ကြိုက်နေမှုနှင့်အတူ လူသိများလာခဲ့ပါတယ်။
သူဟာ မန်ဖီးလ်သို့ ပြောင်းလာပြီးနောက် ပထမဆုံးကစားတဲ့ ဇန်နဝါရီလ ၁၇ ရက်နေ့တုန်းက ပေါ့ဗေးလ်ကို ၃-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲမှာ ၂ ဂိုးသွင်းနိုင်ခဲ့ပါတယ်။
ယင်းမှ တစ်ဂိုးက ညာထောင့်သို့ ဝေ့ဝှိုက်ကန်သွင်းခဲ့တာလည်း ဖြစ်ပါတယ်။
သူဟာ နွေရာသီကမှ စပါးစ်နှင့် ၂၀၂၈ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ ၂၀၂၃ ခုနှစ်တုန်းက ပထမဆုံးပရော်ဖက်ရှင်နယ်စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပြီး ထိပ်တန်းကစားသမားဖြစ်လာမယ့်သူအဖြစ် မျှော်လင့်ခံထားရသူ ဖြစ်ပါတယ်။
သူဟာ ၂၀၂၄-၂၅ ရာသီတုန်းက ပြိုင်ပွဲအရပ်ရပ် ၁၀ ဂိုးသွင်းကာ စပါးစ်ယူ-၂၁ အသင်းမှာ ဂိုးသွင်းဘုရင်အဖြစ် ရပ်တည်ခဲ့သလို အင်္ဂလန်ယူ-၁၆ နှင့် ယူ-၁၇ တို့မှာလည်း ကစားခွင့်ရထားပါတယ်။
ဘောလုံးကွင်းပြင်ပမှာတော့ သူဟာ ဖော်လိုဝါ ၄ သန်းကျော်အထိ ပိုင်ဆိုင်ထားတဲ့ TitTok စတားအေမီချာလစ်ဇ်နှင့် ချစ်ကြိုက်နေသူ ဖြစ်ပါတယ်။
၎င်းတို့စုံတွဲဟာ အားလပ်ရက်အပန်းဖြေမှု၊ အစားအသောက်စားနေတဲ့ဓာတ်ပုံများကို ဆိုရှယ်မီဒီယာမှာ တင်လေ့ရှိပါတယ်။
၎င်းတို့ဟာ နှစ်သစ်ကူးတုန်းက ဘားတစ်ခုတွင် အတူတကွ ပျော်ခဲ့ကြသလို ပဲရစ်၊ မာဘယ်လာ၊ အိုင်ဘီဇာ၊ မိုင်ယာမီသို့လည်း အတူသွားခဲ့ကြပါသေးတယ်။
၎င်းတို့ဟာ ပြီးခဲ့တဲ့နှစ်မှ စတင်ကာ ချစ်ကြိုက်ခဲ့ကြတာပါ။
သူမဟာ YouTube မှ Reality Show တစ်ခုမှာ ပါဝင်ပြီးနောက် နာမည်ကျော်ကြားလာတာလည်း ဖြစ်ပါတယ်။
ပေါင် ၁ သန်းကြွယ်ဝချမ်းသာတယ်လို့ ယူဆရတဲ့ သူမဟာ အခြားအမျိုးသမီးငယ်များကို ပြုမူတဲ့အပြုအမူများအတွက် အနိုင်ကျင့်တတ်သူအဖြစ် စွပ်စွဲခံထားရသူလည်း ဖြစ်ပါတယ်။
တခါတုန်းက သူမတင်ထားတဲ့ ဗီဒီယိုပို့စ်တစ်ခုတွင် "တချို့ကလေးတွေ ဆန်ကာလိုသို့ သွားရယ်ဆိုရင် အသက်တောင် သက်ပေးဖို့ အသင့်ပဲ"လို့ ပြောဆိုဖူးပါတယ်။