လုပ်ငန်းခွင်၌ေ-သဆုံးခဲ့သည့် မြန်မာနိုင်ငံသားအတွက် နစ်နာကြေးဘတ်(၁)သိန်းရရှိ
ထိုင်းနိုင်ငံ၌ လုပ်ငန်းခွင်အတွင်းေ-သဆုံးခဲ့သည့် မြန်မာနိုင်ငံသားအတွက် နစ်နာကြေးဘတ်(၁)သိန်းရရှိခဲ့ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိရုံးထံမှ သိရသည်။
ထိုင်းနိုင်ငံ၊ ပရာချင်ဘူရီပြည်နယ်၊ ကဘင်ဘူရီခရိုင်၊ ဘိုထောင်မြို့နယ်ရှိစက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားတစ်ဦးသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၃ ရက်က လုပ်ငန်းခွင်အတွင်းမတော်တဆထိခိုက်ဒ-ဏ်ရာရရှိရာမှ ေ-သဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် အလုပ်သမားသံအရာရှိရုံးမှ မြန်မာအလုပ်သမားေ-သဆုံးခဲ့သဖြင့် အာမခံကုမ္ပဏီမှရသင့်ရထိုက်သည့် နစ်နာကြေးဘတ်(၁)သိန်းရရှိရန်ကူညီဆောင်ရွက်ပေးခဲ့ပြီးနောက် ယနေ့ ဖေဖော်ဝါရီ ၄ ရက်တွင် သေဆုံးသူနှင့်ဆွေးမျိုးတော်စပ်သူထံ အလုပ်သမားသံအရာရှိရုံး၌ပေးအပ်ခဲ့ကြောင်း သိရသည်။