အင်အားအသင့်အတင့်ရှိသောငလျင်လှုပ်ခတ်မှုများ ဆက်တိုက်နီးပါးဖြစ်ပေါ်နေ
ယနေ့ ဖေဖော်ဝါရီ ၅ ရက်တွင်လည်း အုတ်တွင်းမြို့နှင့် ဟုမ္မလင်းမြို့တို့ကို ဗဟိုပြုလှုပ်ခတ်ပြန်
ယခုရက်ပိုင်းအတွင်း၌ အင်အားအသင့်အတင့်ရှိသော ငလျင်လှုပ်ခတ်မှုများဆက်တိုက်နီးပါးဖြစ်ပေါ်လျက်ရှိရာ ယနေ့ ဖေဖော်ဝါရီ ၅ ရက်နံနက်ပိုင်းကလည်း အုတ်တွင်းမြို့နှင့် ဟုမ္မလင်းမြို့တို့ကိုဗဟိုပြု၍ ငလျင်လှုပ်ခတ်မှုများဖြစ်ပေါ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
အုတ်တွင်းမြို့၏ အနောက်ဘက်(၂၁)မိုင်ခန့်အကွာ အ နက်(၁၁)ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄ ဒသမ ၃)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော ငလျင်သည် နံနက် ၂ နာရီ ၈ မိနစ် ၄၀ စက္ကန့်ကလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဟုမ္မလင်းမြို့၏ အရှေ့-အရှေ့မြောက်ဘက် (၁၈)မိုင်ခန့်အကွာ၊ အနက်(၇၅)ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄ ဒသမ ၄)အဆင့်ရှိ အင် အားအသင့်အတင့်ရှိသောငလျင်သည် နံနက် ၁ နာရီ ၉ မိနစ် ၄၂ စက္ကန့်က လှုပ်ခတ်ခဲ့ကြောင်း သိရသည်။