5 ရက် - ဘာသာပြန်ပါ။

နေပြည်တော်-ရန်ကုန်အမြန်လမ်းတွင် ယာဉ်တိုက်မှုကြောင့် လူတစ်ဦးသေဆုံး
-------------------------------
နေပြည်တော်-ရန်ကုန်အမြန်လမ်းမကြီးမှာ ဖေဖော်ဝါရီလ ၅ ရက် မနက် ၂ နာရီ ၃၀ မိနစ်အချိန်လောက်က ယာဉ်တိုက်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ အမြန်လမ်း မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။
နေပြည်တော်-ရန်ကုန်အမြန်လမ်းမကြီးရဲ့ မိုင်တိုင်အမှတ်(၁၅၇/၇)နဲ့ (၁၅၇/၆) ဖာလုံကြားမှာ ဖြစ်ပွားခဲ့တဲ့ အဲ့ဒီယာဉ်တိုက်မှုကို သာဂရအမြန်လမ်းမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးနဲ့ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက်ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ယာဉ်မောင်း အမျိုးသား (၁)ဦး သေဆုံးခဲ့ပြီး အမျိုးသမီး (၃)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေကို တောင်ငူ (192) ပရဟိတအသင်းမှ သူနာတင်ယာဉ်နဲ့ တောင်ငူပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်။

image