ONE Friday Fights 141တွင် မြန်မာဖိုက်တာ (၄) ဦးပါဝင်မည်
---------------------------
ONE Friday Fights 141ပြိုင်ပွဲကို ဖေဖော်ဝါရီ(၆)ရက် သောကြာည ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ရှိ လုမ္မဏီ အားကစားရုံမှာ ကျင်းပမှာဖြစ်ပြီး မြန်မာဖိုက်တာ(၄)ဦး ပါဝင်ယှဉ်ပြိုင်မယ်လို့ ONE Championship ထုတ်ပြန်ချက်အရသိရပါတယ်။ ပြိုင်ပွဲမှာထိုးသတ်မယ့် တွဲဆိုင်း ၁၄ ဆိုင်းမှာ မြန်မာဖိုက်တာ (၄) ဦးရဲ့ တွဲဆိုင်းတွေကိုလည်း ထည့်သွင်းထားတယ်လို့ဆိုပါတယ်။
မြန်မာဖိုက်တာတွေဖြစ်တဲ့ ရဲရင့်နောင်၊စိုးနောင်ဦး၊စောမင်းမင်းနဲ့ လင်းထက်အောင် တို့ယှဉ်ပြိုင်ကြမှာပါ။ မြန်မာပါဝင်တဲ့ တွဲဆိုင်း(၄)ဆိုင်းပွဲစဉ်တွေမှာ ပွဲစဥ် (၄) ဖလိုင်းဝိတ်မွေထိုင်းမှာ ရဲရင့်နောင်နဲ့ မလေးရှား/ အမေရိကန်ဖိုက်တာ ဂျိုဟန်ဂါဇာလီ (ဂျိုဂျို)၊ ပွဲစဥ် (၈) စတောဝိတ်မွေထိုင်းမှာ လင်းထက်အောင်နဲ့ ဂျပန်ဖိုက်တာ ဟာရာယုကီတာနစ်ဆု၊ ပွဲစဥ် (၁၁) စတောဝိတ်မွေထိုင်းမှာ စိုးနောင်ဦးနဲ့ ထိုင်းဖိုက်တာ ဖေ့စ်အီရာဝမ်၊ ပွဲစဥ် (၁၃) ဘင်တမ်ဝိတ်မွေထိုင်းမှာ စောမင်းမင်းနဲ့ ထိုင်းဖိုက်တာ ဒတ်ချာဝါလစ်တို့ယှဥ်ပြိုင်ထိုးသတ်ကြမှာဖြစ်ပါတယ်။
ပြိုင်ပွဲမှာ ထိုးသတ်မယ့် မြန်မာဖိုက်တာ (၄) ဦးထဲမှာ စောမင်းမင်းနဲ့ စိုးနောင်ဦးတို့က ONE Championship မှာ ထိုးသတ်ဖူးသူတွေဖြစ်ပြီး ရဲရင့်နောင်နဲ့ လင်းထက်အောင်တို့ကတော့ ပထမဆုံးထိုးသတ်ကြမှာ ဖြစ်ပါတယ်။

image