ဂါဇာတွင် အစ္စရေး၏ပစ်ခတ်မှုကြောင့် ပါလက်စတိုင်း ၂၄ ဦး သေဆုံး
----------------------
ဂါဇာမှာ ဖေဖော်ဝါရီလ ၄ရက်နေ့က အစ္စရေးတင့်ကားပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးခုနစ်ဦးအပါအဝင် ပါလက်စတိုင်း ၂၄ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးအရာရှိတွေကို ကိုးကားပြီး Reuters သတင်းမှာဖော်ပြထားပါတယ်။ ဒါဟာ လေးလနီးပါးရှိပြီဖြစ်တဲ့ အပစ်အခတ်ရပ်စဲရေးကို ပျက်ပြားစေတဲ့ လုပ်ရပ်ဖြစ်ပါတယ်။
သေဆုံးသူတွေထဲမှာ တောင်ပိုင်းKhan Younis(ခန်ရောနစ်) မြို့ တိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိသူတွေကို ကူညီဖို့ အပြေးအလွှားသွားနေတဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတစ်ဦးလည်းပါဝင်တယ်လို့ကျန်းမာရေး အရာရှိတွေက ပြောပါတယ်။ မြောက်ပိုင်းရှိ ဂါဇာမြို့မှာလည်း တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပြီး ၅ လသားအရွယ် ယောက်ျားလေးတစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

image