ဗင်နီဇွဲလား-ကျူးဘား အရေး ပူတင် နှင့် ရှီကျင့်ဖျင် ဆွေးနွေး
----------------------
ဗင်နီဇွဲလား ကျူးဘားနဲ့ အီရန် အရေးတွေနဲ့ပတ်သက်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ သမ္မတ ဗလာဒီမာ ပူတင်တို့ ဖေဖော်ဝါရီ ၄ ရက်က အွန်လိုင်းကတဆင့် ဆွေးနွေးခဲ့တယ်လို့ Reuters သတင်းတစ်ရပ်အရသိရပါတယ်။
ဒေါ်နယ်ထရမ့်ဖန်တီးထားတဲ့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့နဲ့ပတ်သက်လို့ ၂ နိုင်ငံခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြသလို ခေါင်းဆောင်တွေကြားမှာ တူညီတဲ့ သဘောထား အမြင်တွေရှိခဲ့တယ်လို့ ဗလာဒီမာ ပူတင်ရဲ့ အကြံပေး ယူရီ အူရှ်ကောဗ်က ပြောပါတယ်။ ဘယ်လို တူညီတဲ့ သဘောထားအမြင်ရှိတာလဲ ဆိုတာကိုတော့ အူရှ်ကောဗ်က ပြောဆိုမသွားပေမယ့် တရုတ် (တိုင်ပေ) အရေးနဲ့ပတ်သက်ရင် တရုတ်ဘက်က ရပ်တည်ကြောင်း သမ္မတ ပူတင်က ထပ်မံပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
သမ္မတ ရှီကျင့်ဖျင်က ယူအေအီးမှာ ကျင်းပနေတဲ့ ယူကရိန်းရုရှားအမေရိကန် သုံးပွင့်ဆိုင် ဆွေးနွေးပွဲတွေကို ထောက်ခံကြောင်း ပြောဆိုခဲ့သလို ဗလာဒီမာ ပူတင်ကိုလည်း တရုတ်နိုင်ငံကို လာရောက်လည်ပတ်ဖို့ ရှီကျင့်ဖျင်က ဖိတ်ကြားခဲ့တယ်သိရပါတယ်။

image