5 ရက် - ဘာသာပြန်ပါ။

ရွေးကောက်ပွဲကုန်ကျစရိတ်ကို သတ်မှတ်ရက်အတွင်း တင်သွင်းရန်နှိုးဆော်
------------------------
ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ ယင်းတို့ရဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်တွေအနေနဲ့ ရွေးကော်ပွဲကုန်ကျစရိတ်စာရင်းကို သတ်မှတ်ရက်အတွင် တင်သွင်းကြဖို့ ဖေဖော်ဝါရီ (၄)ရက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးနှိုးဆော်လိုက်ပါတယ်။
အထွေထွေရွေးကောက်ပွဲ အပိုင်း(၃)မှာ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၁၀၂ အရ သက်ဆိုင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မရှင်အဖွဲ့ခွဲတွေက ရွေးကောက်တင်မြှောက်ခံရသူ လွှတ်တော်ကိုယ် စားလှယ်တွေရဲ့ အမည်စာရင်းကို ကြေညာခဲ့ပြီးဖြစ်ပါတယ်။
အဲဒီလိုကြေညာတဲ့ နေမှစတင်ပြီး ရက်ပေါင်း(၃၀)အတွင်း မဲဆန္ဒနယ်အသီးသီးမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအနေနဲ့ အမည်စာရင်းတင်သွင်းလွှာတင်သွင်းခဲ့တဲ့ သက်ဆိုင်ရာကော်မရှင် အဖွဲ့ခွဲ ဒါမှမဟုတ် ကော်မရှင်က သတ်မှတ်ပေးထားတဲ့ ခရိုင်ကော်မရှင်အဖွဲ့ခွဲအသီးသီးမှာ ရွေးကောက်ပွဲကုန်ကျ စရိတ်စရင်းကို ပုံစံ(၂၀)နဲ့ တင်သွင်းကြရမှာဖြစ်တယ်လို့ ကော်မရှင်ရဲ့ အသိပေးနှိုးဆော်ချက်အရသိရပါတယ်။
ရွေးကောက်ပွဲကုန်စရိတ်စာရင်းကို သတ်မှတ်ရက်အတွင်း မတင်သွင်းရင်တော့ သက်ဆိုင်ရာ လွှတ်တော်ရွေး ကောက်ပွဲနည်းဥပဒေ ၁၀၉ အရ အရည်အချင်းပျက်ယွင်းသူအဖြစ် သတ်မှတ်ကြေညာခြင်းခံရမယ်လို့ ရွေးကောက် ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

image