ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် ကန်ဆက်စ်စီးတီးတွင် အခြေစိုက်လာမယ့် အာဂျင်တီးနားအသင်း
====================
အာဂျင်တီးနားအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် ကန်ဆက်စ်စီးတီးတွင် အခြေစိုက်ကာ ချန်ပီယံဘွဲ့ကာကွယ်ရေး ကြိုးပမ်းလာပါမယ်။
လက်ရှိချန်ပီယံ အာဂျင်တီးနားဟာ ဇွန်လ ၁၆ ရက်နေ့တွင် ကန်ဆက်စ်စီးတီးတွင် အဖွင့်ပွဲအဖြစ် အယ်ဂျီးရီးယားနှင့် ကစားလာရမှာ ဖြစ်ပြီး ကျန် ၂ ပွဲတို့အား ဒဲလ်လက်စ်နှင့် အယ်ဘီစီလက်စ်တီတို့တွင် ကစားလာရပါမယ်။
ဒါပေမယ့် အာဂျင်တီးနားဟာ ရာသီဥတုနှင့် အဆင်ပြေတဲ့ တည်နေရာ ဖြစ်တဲ့ ကန်ဆက်စ်စီးတီးတွင် အထိုင်ချရန် ဆုံးဖြတ်လာတာလည်း ဖြစ်ပါတယ်။
အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ဟာ စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ကြံ့ခိုင်ရေးနည်းပြများအား စေလွှတ်ပြီး လေ့လာဆန်းစစ်မှုများ ပြုလုပ်ပြီးနောက် ကန်ဆက်စ်စီးတီးတွင် အခြေစိုက်ရန် ဆုံးဖြတ်လာတာပါ။
လီယွန်နယ်စကာလိုနီရဲ့ အာဂျင်တီးနားဟာ ကမ္ဘာ့ဖလားပြိုင်ပွဲယှဉ်ပြိုင်နေစဉ်အတွင်း မေဂျာလိဂ်ကလပ် စပို့တင်းကန်ဆက်စ်စီးတီးအသင်းရဲ့ လေ့ကျင့်ရေးစင်တာ Compass Minerals National Performance Center တွင် လေ့ကျင့်ခန်းဆင်းလာပါမယ်။

image