1 ရက် - ဘာသာပြန်ပါ။

ခေါင်းချင်းဆိုင် တိုက်မိရာမှ တစ်ဦးလဲကျပြီး တစ်ဦးမေ့လဲသွားပြီးနောက် လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ အမြန်ပို့ခဲ့ရ
===================
ဂါလာတာစာရေးရဲ့ အစ္စတန်ဘူလ်စပေါ်နှင့် ပွဲစဉ်တွင် အာမက်ကူတူကူမှာ ပြိုင်ဘက်ဂိုးသမားအစ်ဆာဒိုဂန်နှင့် ခေါင်းချင်းဆိုင် တိုက်မိရာမှ မေ့လဲကျသွားမှုနှင့်အတူ ပွဲကို ခေတ္တရပ်ဆိုင်းခဲ့ရပါတယ်။
တူရကီထိပ်သီးကလပ်ဟာ တူရကီရှုံးထွက်ဖလားပွဲစဉ်အဖြစ် ဒုတိယတန်းကလပ်အား ဧည့်ခံကစားခဲ့ရတာ ဖြစ်ပြီး ၃-၁ ဖြင့် အနိုင်ရခဲ့ပါတယ်။
ဒါပေမယ့် ယင်းပွဲစဉ်တွင် ကူတူကူနှင့် ဒိုဂန်တို့ ခေါင်းချင်းဆိုင် တိုက်မိမှုဖြစ်ပွားခဲ့မှုနှင့်အတူ တုန်လှုပ်စရာ အဖြစ်အပျက် ဖြစ်ခဲ့ပါတယ်။
အလွန်စိုးရိမ်ရတဲ့အခြေအနေ ဖြစ်တာကြောင့် ယင်းအဖြစ်အပျက်အား ရုပ်သံက မရိုက်ကူးဘဲ အလျှင်အမြန်ရှောင်လွဲခဲ့ရပါတယ်။
ခေါင်းချင်းဆိုင်တိုက်မိပြီးနောက် ကစားသမားနှစ်ဦးလုံး ကွင်းမြက်ခင်းတွင် လဲကျသွားခဲ့ပြီး ဒိုဂန်က မျက်နှာကို အုပ်ထားတာ တွေ့ရပါတယ်။
ဒါပေမယ့် ဂါလာစာရေးကစားသမားကူတူကူကတော့ ကွင်းအတွင်း မေ့လဲကျနေတာကြောင့် ကစားဖော်တို့ဟာ အလျှင်အမြန် သတိပြန်ရအောင် လျာပြန်တည့်ခြင်း ပြုလုပ်ခဲ့ရပါတယ်။
ယင်းအဖြစ်အပျက်ကို ကြည့်နေတဲ့ ကစားသမားအချို့တို့ဟာ ခေါင်းကို လက်ဖြင့် အုပ်ကာ အကြီးအကျယ်တုန်လှုပ်နေခဲ့ကြတာလည်း တွေ့ရပါတယ်။
ဆေးအဖွဲ့ဝင်တို့ ကွင်းအတွင်းသို့ အမြန်ဝင်ရောက်လာပြီး ကစားသမား ၂ ဦးလုံးအား ဆေးကုသမှု ပြုလုပ်ခဲ့ရာ ကူတူကူမှာ ပြန်လည်သတိရလာတာ တွေ့ရပါတယ်။
ယင်းနောက် အရေးပေါ် လူနာတင်ယာဉ် ကွင်းအတွင်း ရောက်လာပြီး ကစားသမား ၂ ဦးလုံးအား ဆေးရုံသို့ ခေါ်ဆောင်သွားရပါတယ်။
ဒိုဂန်မှာ မေးရိုးကျိုးသွားခဲ့တာ ဖြစ်ပြီး ဆေးရုံတွင် နောက်ထပ် ဆေးကုသမှုများ ထပ်မံ ခံယူရဦးပါမယ်။
ကူတူကူဟာ ပြီးခဲ့တဲ့နှစ်တုန်းက တူရကီကလပ် အေယက်ပ်စပေါ်မှ ဂါလာတာစာရေးသို့ ရောက်လာသူ ဖြစ်ပါတယ်။ သူဟာ ဂျာမန်ကလပ် ရှော်လ်ကေးတွင် ကစားသမားဘဝ စတင်ကာ တူရကီကလပ် အစ္စတန်ဘူလ်ဘာဆစ်ဆီဟာတွင်လည်း ကစားဖူးပါတယ်။

image