1 ရက် - ဘာသာပြန်ပါ။

Al-Nassr အတွက် ကစားရန် ငြင်းဆိုကာ သပိတ်မှောက်ခဲ့ပြီး ရက်အနည်းငယ်အကြာတွင် အခြေအနေသစ် ကြုံလာတဲ့ ခရစ္စတီယာနိုရော်နယ်ဒို
====================
ခရစ္စတီယာနိုရော်နယ်ဒိုဟာ ပွဲကစားရန် ငြင်းဆိုကာ သပိတ်မှောက်ခဲ့ပြီးနောက် ရက်အနည်းငယ်အကြာတွင် Al-Nassr အတွက် ပြန်လည် ကစားပေးလာတော့မှာ ဖြစ်ပါတယ်။
အသက် ၄၀ နှစ်ရှိ ခရစ္စတီယာနိုရော်နယ်ဒိုဟာ အသင်းပိုင်ရှင် Saudi Arabian Public Investment Fund ရဲ့ ဘဏ္ဍာရေးဆိုင်ရာ မမျှမတ ထောက်ပံ့ပေးမှုအပေါ် ဒေါသထွက်ကာ Al-Nassr အတွက် ကစားရန် ငြင်းဆိုခဲ့တာလည်း ဖြစ်ပါတယ်။
သူဟာ ယခုအပတ်အစောပိုင်းတုန်းက Al-Riyadh အား အနိုင်ရတဲ့ Al-Nassr ရဲ့ ပွဲတွင် ပါဝင်ကစားရန် ငြင်းဆိုခဲ့ပါတယ်။
ပေါ်တူဂီအသင်းခေါင်းဆောင်ဟာ အခြေအနေအရပ်ရပ်ကြောင့် အနာဂတ်နှင့်ပတ်သက်ပြီး အလေးအနက်ထား စဉ်းစားမှုလည်း ပြုလုပ်လာနေပါတယ်။
ဒါပေမယ့် Sky Sports ရဲ့ ဖော်ပြလာမှုအရ ရော်နယ်ဒိုဟာ သပိတ်မှောက်မှုအား အဆုံးသတ်ကာ သောကြာနေ့ Al-Ittihad နှင့်ပွဲတွင် ပါဝင်ကစားလာမယ်လို့ ယူဆရကြောင်း သိရပါတယ်။
Al-Nassr တာဝန်ရှိသူများဟာ ရော်နယ်ဒို မပျော်မရွှင် ဖြစ်နေမှုအပေါ် တုန်လှုပ်လျက်ရှိနေသလို Al-Ittihad နှင့်ပွဲတွင် ပါဝင်ကစားလိုနေကြပါတယ်။
Al-Nassr ဟာ ဆော်ဒီပရိုလိဂ်တွင် ထိပ်ဆုံးမှ Al-Hilal နှင့် တစ်မှတ်အကွာ ဒုတိယနေရာတွင် ရပ်တည်နေတာပါ။
Al-Nassr ဟာ အကောင်းဆုံးရာသီတစ်ခု ပိုင်ဆိုင်ထားတဲ့ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ဦးဆောင်မှုနှင့်အတူ အမှတ်ပေးဖလား ဆွတ်ခူးရန် မျှော်လင့်နေကြပါတယ်။
ရော်နယ်ဒိုဟာ ဆော်ဒီပရိုလိဂ် ၂၂ ပွဲတွင် ၁၈ ဂိုးသွင်းထားပြီး လိဂ်ပွဲ ၄ ဂိုးတည်းသာ ဂိုးမသွင်းထားနိုင်ပါဘူး။
ဒါပေမယ့် ရော်နယ်ဒိုဟာ ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်တွင် ကလပ်ဘက်က အသက် ၂၁ နှစ်ရှိ အီရတ်အလယ်တန်းကစားသမားဟေဒါးအက်ဘူကာရမ်းတစ်ဦးတည်းကိုသာ အားဖြည့်ပေးမှုပြီး အမှတ်ပေးဖလားပြိုင်ဘက် Al-Hilal အတွက် ဖီအိုရင်တီးနားမှ အာဆင်နယ်နောက်ခံလူဟောင်းပါဘလိုမာအပြင် ကာဒါမီတာနှင့် ဆိုင်မွန်ဘူအာဘရီတို့အား ပေါင် ၂၆ သန်းဖြင့် ခေါ်ယူအားဖြည်ပေးခဲ့ပါတယ်။
ဒါ့အပြင် Al-Hilal ဟာ Al-Ittihad မှ ရီးရဲလ်မက်ဒရစ်ဂန္ထဝင်တိုက်စစ်မှူးကာရမ်ဘန်ဇီးမားကိုလည်း ခေါ်ယူခဲ့ပါသေးတယ်။
Saudi Arabian Public Investment Fund ဟာ ဆော်ဒီထိပ်သီးကလပ်များဖြစ်ကြတဲ့ Al-Nassr ၊ Al-Hilal ၊ Al-Ittihad နှင့် Al-Ahli တို့အား ပိုင်ဆိုင်ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာ လက်ရှိအခြေအနေများကြောင့် Al-Nassr အနာဂတ် မရေမရာ ဖြစ်နေပြီး ကမ္ဘာ့ဖလားမတိုင်မီ လများအတွင်း အနာဂတ်နှင့်ပတ်သက်ပြီး သတင်းများစွာ ထွက်ပေါ်လာဖို့လည်း ရှိနေပါတယ်။

image