1 ရက် - ဘာသာပြန်ပါ။

မြောက်လန်ဒန်ဒါဘီပွဲစဉ်တွင် ပါဝင်နိုင်ရန် အာဆင်နယ်စတားဆာကာ ပစ်မှတ်ထားနေ
=====================
အာဆင်နယ်တောင်ပံကစားသမားဘူကာယိုဆာကာဟာ ယခုလ မြောက်လန်ဒန်ဒါဘီပွဲစဉ်တွင် အာဆင်နယ်အတွက် ပြန်လည်ကစားနိုင်ရန် ပစ်မှတ်ထားနေကြောင်း သိရပါတယ်။
အာဆင်နယ်တောင်ပံကစားသမားဟာ စနေနေ့တုန်းက လိဒ်အား ၄-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲမတိုင်မီ သွေးပူလေ့ကျင့်ခန်းလုပ်နေစဉ် ကြွက်သားဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။
ယင်းနောက် သူဟာ မနေ့ညတုန်းက ချဲလ်ဆီးအား အနိုင်ရရှိကာ ခါရာဘောင်ဖလားဗိုလ်လုပွဲသို့ တက်ရောက်ခဲ့တဲ့ပွဲစဉ်အား လွဲချော်ခဲ့ပါတယ်။
အသက် ၂၂ နှစ်ရှိ အင်္ဂလန်လက်ရေးစင်ကစားသမားဟာ ဒဏ်ရာမှာ ပြင်းထန်ခြင်း မရှိမှုနှင့်အတူ လာမယ့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ စပါးစ်အား အဝေးကွင်းသို့ သွားရောက် ရင်ဆိုင်ရမယ့် မြောက်လန်ဒန်ဒါဘီပွဲစဉ်အမီ ကြံ့ခိုင်မှု ပြည့်ဝလာမယ်လို့ ယုံကြည်ရပါတယ်။
ဆာကာဟာ စပါးစ်နှင့်ပွဲမတိုင်မီ ရင်ဆိုင်ရမယ့် စနေနေ့ ဆန်းဒါးလန်းနှင့်ပွဲစဉ်တွင် လာမယ့်အပတ် ကြာသပတေးနေ့ ဘရန့်ဖို့ဒ်တို့နှင့်ပွဲစဉ်များကို လွဲချော်လာပါဦးမယ်။ ဒါ့အပြင် သူဟာ နောက်အပတ် တနင်္ဂနွေနေ့တွင် ဝီဂန်အား ဧည့်ခံကစားရမယ့် အက်ဖ်အေဖလားစတုတ္ထအဆင့်ပွဲစဉ်ကိုလည်း လွဲချော်လာပါမယ်။
အာဆင်နယ်နည်းပြအာတီတာဟာ ဆာကာ ဒဏ်ရာကြောင့် အနားယူနေစဉ်အတွင်း နိုနူမာဒူကီအား ပွဲထွက်ကစားသမားအဖြစ် အသုံးပြုလာပါမယ်။
မာဒူကီဟာ ဆာကာ လွဲချော်ခဲ့တဲ့ လိဒ်နှင့်ပွဲတွင် ပွဲထွက်ကစားခွင့်ရပြီးနောက် အဖွင့်ဂိုး သွင်းနိုင်အောင် ဖန်တီးခဲ့သလို ကိုယ်တိုင်လည်း ထောင့်ကန်ဘောမှ တဆင့် ဂိုးသွင်းခဲ့ပါတယ်။

image