ဂါလာတာစာရေးသို့ ချဲလ်ဆီးစတားဟောင်းအန်ဂိုလိုကန်တီ ပြောင်းရွှေ့လာ
===================
ဖီနာဘာချီက Al-Ittihad နှင့် စာချုပ်ဖျက်သိမ်းလာတဲ့ ပြင်သစ်အလယ်တန်းကစားသမားအန်ဂိုလိုကန်တီအား ခေါ်ယူလိုက်ပြီ ဖြစ်ကြောင်း ကြေညာလာပါတယ်။
ပြင်သစ်ကွင်းလယ်ကစားသမားဟာ အင်္ဂါနေ့တုန်းက တူရကီသို့ ပြောင်းရေး မျှော်လင့်ခဲ့ပေမယ့်လည်း Al-Ittihad ဘက်က လုပ်ဆောင်မှုအမှားများကြောင့် အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ရပါတယ်။
ဖီနာဘာချီက Al-Ittihad ဘက်က အပြောင်းအရွှေ့ပြီးမြောက်ရေး လိုအပ်တဲ့ စာရွက်စာတမ်းများ အချိန်မီ မပေးပို့မှုနှင့်အတူ အပြောင်းအရွှေ့ မဖြစ်မြောက်လာခြင်းဖြစ်ကြောင်း အပြစ်တင်သွားခဲ့ပါတယ်။
တဖက်တွင် ဆော်ဒီကလပ် Al-Ittihad ဟာ ဖီနာဘာချီတိုက်စစ်မှူးယူဆွတ်အန်နက်စ်ဆရီအား အောင်မြင်စွာ ခေါ်ယူနိုင်ခဲ့ပါတယ်။
ယင်းနောက်မှာ Al-Ittihad က အန်ဂိုလိုကန်တီရဲ့စာချုပ်ကို ဖျက်သိမ်းမှုပြုလုပ်ပေးခဲ့ပါတယ်။ ယခုအခါမှာတော့ အန်ဂိုလိုကန်တီဟာ ဖီနာဘာချီသို့ ၂ နှစ်ခွဲစာချုပ်ဖြင့် ပြောင်းလာခဲ့ပြီ ဖြစ်ပါတယ်။
တူရကီအပြောင်းအရွှေ့ဈေးကွက်က နွေရာသီအထိ ဖွင့်လှစ်ထားမှုနှင့်အတူ ယခုကဲ့သို့ ဖီနာဘာချီတို့ ခေါ်ယူလာနိုင်တာလည်း ဖြစ်ပါတယ်။
အသက် ၃၄ နှစ်ရှိ ကန်တီဟာ ချဲလ်ဆီးနှင့်အတူ ချန်ပီယံလိဂ်ဖလား၊ ပရီးမီးယားလိဂ်ဖလား၊ ယူရိုပါလိဂ်ဖလားနှင့် အက်ဖ်အေဖလားတို့ ဆွတ်ခူးပြီးနောက် ၂၀၂၃ ခုနှစ်တွင် ဆော်ဒီကလပ် Al-Ittihad သို့ ပြောင်းလာသူ ဖြစ်ပါတယ်။
Al-Ittihad ဟာ အပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးနေ့တွင် စာချုပ်ဖျက်သိမ်းကာ Al Hilal သို့ ပြောင်းခွင့်ပေးလိုက်တဲ့ ကာရမ်ဘန်ဇီးမားနေရာတွင် အန်နက်စ်ဆရီနှင့် အစားထိုးခေါ်ယူခဲ့တာလည်း ဖြစ်ပါတယ်။

image