2 ရက် - ဘာသာပြန်ပါ။

အပြောင်းအရွှေ့လုပ်ဆောင်မှုများအပေါ် မကျေနပ်ကာ ပွဲမကစားဘဲ သပိတ်မှောက်ပေမယ့် Al Nassr နှင့် လေ့ကျင့်ခန်းဆင်းနေသေးတဲ့ ခရစ္စတီယာနိုရော်နယ်ဒို
===================
ခရစ္စတီယာနိုရော်နယ်ဒိုဟာ အသင်းရဲ့ အပြောင်းအရွှေ့လုပ်ဆောင်မှုများအပေါ် မကျေမနပ်ဖြစ်ကာ သပိတ်မှောက်နေပေမယ့် Al Nassr နှင့်အတူ လေ့ကျင့်ခန်းဆင်းနေတုန်း ဖြစ်ပါတယ်။
ပေါ်တူဂီဂန္ထဝင်ဟာ ကလပ်ရဲ့ အပြောင်းအရွှေ့လုပ်ဆောင်မှု နည်းပါးမှု၊ ကာရမ်ဘန်ဇီးမားမှာ Al Hilal သို့ ပြောင်းရွှေ့သွားမှုတို့အပေါ်တွင် မကျေမနပ် ဖြစ်နေတာလည်း ဖြစ်ပါတယ်။
အစောပိုင်းတုန်းက ခရစ္စတီယာနိုရော်နယ်ဒိုဟာ ဆော်ဒီမှ ထွက်ခွာကာ ကလပ်နှင့်အတူ လေ့ကျင့်ခန်းဆင်းခြင်း မရှိတော့ဘဲ အသင်းပြောင်းရေး ကြိုးပမ်းနေတယ်လို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။
ဒါပေမယ့် ပေါ်တူဂီသတင်းစာ Record ရဲ့ ဖော်ပြလာမှုအရ ရော်နယ်ဒိုမှာ ဆော်ဒီတွင် ရှိနေဆဲ ဖြစ်ပြီး ကလပ်နှင့်အတူ လေ့ကျင့်ခန်းဆင်းနေဆဲ ဖြစ်ကြောင်း သိရပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာ Al Nassr ပိုင်ရှင် Public Investment Fund (PIF) မှာ ၎င်းတို့ကလပ်အတွက် ကောင်းမွန်တဲ့ အားဖြည့်ပေးမှုများ မပြုလုပ်ပေးဘဲ ဆော်ဒီပရိုလိဂ်ပြိုင်ဘက် Al Hilal အတွက် ထိပ်တန်းအားဖြည့်ပေးမှုများ ပြုလုပ်ပေးမှုအပေါ် တွင် အကြီးအကျယ် ပေါက်ကွဲနေခဲ့တာလည်း ဖြစ်ပါတယ်။
အထူးသဖြင့် ခရစ္စတီယာနိုရော်နယ်ဒိုဟာ Al-Ittihad ရဲ့ အဓိကတိုက်စစ်မှူးကာရမ်ဘန်ဇီးမားမှာ စာချုပ်ဖျက်သိမ်းပြီး ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်တွင် Al Nassr ရဲ့အထက်တွင် ရမှတ် ၁ မှတ်ဖြင့် ဦးဆောင်နေတဲ့ Al Hilal သို့ ပြောင်းရွှေ့သွားမှုအပေါ်တွင် အကြီးအကျယ် ဒေါသထွက်နေတာပါ။
Al Nassr နည်းပြဂျီးဆပ်စ်ဟာ ဆောင်းရာသီအပြောင်းအရွှေ့တွင် ဆော်ဒီပရိုလိဂ်ဖလားအတွက် စိန်ခေါ်ရေး ကစားသမားအားဖြည့်ပေးရန် တောင်းဆိုခဲ့ပေမယ့် ပိုင်ရှင် Public Investment Fund (PIF) က အသက် ၂၁ နှစ်ရှိ အီရတ်အလယ်တန်းကစားသမားတစ်ဦးတည်းကိုသာ ခေါ်ယူအားဖြည့်ပေးခဲ့ပါတယ်။
ယခု ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ အဖြစ်အပျက်က လာမယ့် သောကြာနေ့တွင် Al-Ittihad နှင့် ကစားရမယ့် အရေးပါတဲ့ ဆော်ဒီပရိုလိဂ်ပွဲစဉ်အတွက် ပြင်ဆင်မှုအပေါ်တွင် ကြီးစွာ ရိုက်ခတ်မှုများ ရှိနေပါတယ်။

image