2 ရက် - ဘာသာပြန်ပါ။

Al-Ittihad ရဲ့ စာချုပ်ဖျက်သိမ်းခြင်းခံရပြီးနောက် ကလပ်လက်မဲ့ ဖြစ်နေတဲ့ ချဲလ်ဆီးစတားဟောင်းကန်တီ
=================
အန်ဂိုလိုကန်တီဟာ ဆော်ဒီပရိုလိဂ်ကလပ် Al-Ittihad ရဲ့ စာချုပ်ဖျက်သိမ်းခြင်းခံရပြီးနောက် ကလပ်လက်မဲ့ ဖြစ်လာပါတယ်။
ချဲလ်ဆီးစတားဟောင်းဟာ ကမ္ဘာ့အကောင်းဆုံးကွင်းလယ်အဖျက်ကစားသမားစာရင်းဝင်ဖြစ်နေပေမယ့်လည်း ၂၀၂၃ ခုနှစ်တုန်းက ဆော်ဒီပရိုလိဂ်ကလပ်သို့ အံ့ဩသင့်ဖွယ် ပြောင်းခဲ့သူ ဖြစ်ပါတယ်။
သူဟာ ယင်းကလပ်တွင် ကာရမ်ဘန်ဇီးမား၊ ဖာဘင်ဟို၊ မူဆာဒီယာဘီတို့နှင့်အတူ တွဲကစားကာ ၁၀၇ ပွဲကစားပေးခဲ့ပါတယ်။
အသက် ၃၄ နှစ်ရှိ ကန်တီဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဆော်ဒီပရိုလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့မှုနှင့်အတူ ကလပ်မှ ခေါင်းမော့ရင်ကော့ကာ ထွက်ခွာလာနိုင်ခဲ့ပါတယ်။
သူဟာ ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးနေ့တွင် ဖီနာဘာချီသို့ ပြောင်းရန် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရထားပြီးဖြစ်ပေမယ့်လည်း Al-Ittihad ဘက်က လုပ်ဆောင်မှုအမှားကြောင့် ပျက်ပြယ်ခဲ့ရပါတယ်။
Al-Ittihad ဟာ ကန်တီအား ဖီနာဘာချီပြောင်းစေပြီး ယင်းကလပ်မှ ယူဆွတ်အန်နက်စ်ဆရီကို ခေါ်ယူရန် လုပ်ဆောင်ခဲ့တာပါ။ ယူဆွတ်အန်နက်စ်ဆရီရဲ့ Al-Ittihad အပြောင်းအရွှေ့က ဖြစ်မြောက်သွားပေမယ့် ကန်တီရဲ့ ဖီနာဘာချီအပြောင်းအရွှေ့က မဖြစ်မြောက်လာပါဘူး။
ယင်းသို့ အခြေအနေကြောင့် Al-Ittihad က ကန်တီရဲ့ ခြောက်လကျန်စာချုပ်အား ဖျက်သိမ်းပေးကာ ဖီနာဘာချီသို့ ပြောင်းနိုင်ရေး လုပ်ဆောင်ပေးလာတာလည်း ဖြစ်ပါတယ်။
လက်ရှိအချိန်တွင် ဆော်ဒီရဲ့ အပြောင်းအရွှေ့ပိတ်သွားပြီ ဖြစ်ပေမယ့်လည်း တူရကီအပြောင်းအရွှေက နွေရာသီအထိ ဖွင့်လှစ်ထားတုန်း ဖြစ်ပါတယ်။

image