ငြိမ်းချမ်းရေးလမ်းလျှောက်ရဟန်းတော်များ ရက်ပေါင်း(၁၀၁)ရက် စံချိန်ချိုး
----------------------------------------
ဗုဒ္ဓဘာသာရဟန်းတော်အဖွဲ့တစ်ဖွဲ့ဟာ ကမ္ဘာမှာ "ငြိမ်းချမ်းရေး၊ မေတ္တာကရုဏာနဲ့ ကရုဏာ" အကြောင်း အသိ ပညာပေးဖို့အတွက် မိုင် ၂၃၀၀ ရှည်လျားတဲ့ ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲမှာ ပါဝင်ခဲ့ကြပြီး စံချိန်ချိုးခဲ့ကြတယ်လို့ CNBC သတင်းမှာ ဖော်ပြထားပါတယ်။ တက္ကဆက်ပြည်နယ်၊ ဖို့ဝါ့သ်မြို့ကနေ ဝါရှင်တန်ဒီစီ (Washington.DC) အထိ မိုင်ပေါင်းများစွာ ခြေကျင်ကြွချီတော်မူနေကြတဲ့ ဓမ္မစေတီ ဆရာတော်ဘုရားတွေရဲ့ "ငြိမ်းချမ်းရေး လမ်း လျှောက်ခရီးစဉ်"ဟာ ဖေဖော်ဝါရီ ၂ ရက်မှာ ဗာဂျီးနီးယားပြည်နယ်ကို ရောက်ရှိလာပြီး ရက်ပေါင်း (၁၀၁) ရက် တိတိ ပြည့်မြောက်တဲ့နေ့ ဖြစ်ပါတယ်။
ဗာဂျီးနီးယားပြည်နယ် ဘုရင်ခံ အဘီဂေးလ် စပန်ဘာဂါနဲ့ ရစ်ခ်ျမွန် မြို့တော်ဝန် ဒန်နီ အာဗူလာတို့ကိုယ်တိုင် ဆရာတော်တွေကို မြို့အဝင်မှာ ဦးခိုက်ကြိုဆိုခဲ့ကြပြီး ဘုရင်ခံက (ဖေဖော်ဝါရီ ၂ ရက်)နေ့ကို ဗာဂျီးနီးယားပြည်နယ်ရဲ့ "Walk for Peace Day" (ငြိမ်းချမ်းရေး လမ်းလျှောက်နေ့) အဖြစ် တရားဝင် ဂုဏ်ပြုသတ်မှတ်ပေးလိုက်တယ်လို့ သိရပါတယ်။
ငြိမ်းချမ်းရေးလမ်းလျှောက် ရဟန်းတော် ၁၈ ပါးဟာ သုံးလကြာ ခရီးစဉ်အတွင်း ဘယ်သောအခါမှ လှဲလျောင်းခြင်း မပြုတဲ့ ဗုဒ္ဓဘာသာဓလေ့ကို လိုက်နာကြပြီး ဖိနပ်မပါဘဲ လမ်းလျှောက်နေကြတာပါ။ ငြိမ်းချမ်းရေးလမ်းလျှောက် ပွဲကို ဦးဆောင်နေတဲ့ ရဟန်းတော် ပဉ္ညကာရ ဦးဆောင်မှုနဲ့ ဝါရှင်တန်ဒီစီကို ဦးတည်နေစဉ် အဖွဲ့ဝင်တစ်ပါးမှ ပြင်းထန်တဲ့ ဒဏ်ရာရရှိတာမျိုးမရှိဘဲ ကျော်လွှားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ရဟန်းတော်တွေဟာ အောက်တိုဘာ ၂၆ ရက်ကစပြီး တက္ကဆက်ပြည်နယ်၊ ဖို့ဝါ့သ်မြို့ရှိ ဗီယက်နမ်ဗုဒ္ဓဘာသာ ဘုရားကျောင်းတစ်ခုကနေ စတင်ထွက်ခွာ ခဲ့တာဖြစ်ပြီး လူဝီစီယားနား၊ မစ္စစ္စပီနဲ့ အလာဘားမားပြည်နယ်တို့ကို ဖြတ်သန်းခဲ့ကြပြီး ဖြစ်ပါတယ်။