ပခုက္ကူမှာ ဒီ​နေ့တရက်တည်း လက်နက်ကိုင်လူတစုက ဆန်ဆိုင်ကိုဝင်​ရောက်းစီးနင်းတာ အပါအဝင် ဒုစရိုက်မှု ၃ခုဖြစ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့မှာ ဓားပြမှု​တွေပြန်ပေးဆွဲမှု​တွေ စိပ်လာ​​နေတဲ့အချိန်မှာဘဲ ဒီ​နေ့​ဖေ​ဖော်ဝါရီ ၃ရက် မနက်ပိုင်းက အမှတ် (၃) ရပ်ကွက်ရှိ မင်းသားဆန်ဆိုင်ကို လက်နက်ကိုင်လူစု ဝင်ရောက်စီးနင်းခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့တယ်လို့ မြို့ခံ​တွေအ​ပြောအရသိရပါတယ်။
ဒီနေ့ဖေဖော်ဝါရီလ ၃ရက် မနက် ၁၀ နာရီခွဲဝန်းကျင်က ပခုက္ကူမြို့၊ အမှတ်၃ရပ်ကွက်၊ ထင်တန်းလမ်းမပေါ်မှာရှိတဲ့ "မင်းသား" ဆန်အရောင်းဆိုင်ကို ဆိုင်ကယ်နှစ်စီး၊ အသက်၂၀နှစ်ခန့်
အမည်မသိ လက်နက်ကိုင်ဆောင်ထားသူ အမျိုးသား၅ ဦး ရောက်ရှိလာပြီး ဆိုင်အတွင်း ဝင်ရောက်ကာ ဆိုင်ရှင်အမျိုးသမီးကို ဖမ်းဆီးခေါ်ဆောင်ဖို့ ကြိုးပမ်းကြောင်းသိရပါတယ်။
လက်နက်ကိုင်​တွေက ဆိုင်ရှင်ကို အတင်အဓမ္မဖမ်းခေါ်တာကို ဝန်ထမ်းအမျိုးသမီးက လုံးထွေးသတ်ပုတ်လို့ ဆိုင်ရှင်အမျိုးသမီးလွတ်မြောက်ခဲ့ကြောင်း အုပ်ချုပ်ရေးနဲ့နီးစပ်သူကပြောပါတယ်။
ပြန်ပေးဆွဲဖို့ ကြိုးပမ်းမှုက မအောင်မြင်လို့ ဆိုင်အတွင်းမှာရှိတဲ့ လက်ကိုင်ဖုန်း ၃ လုံး နှင့် ငွေသားအချို့ကို လုယက်ယူဆောင်ကာ ထွက်ပြေးသွားကတယ်လို့ ဖြစ်စဥ်ကိုသိရှိသူတဦးကပြောပါတယ်။
"ဝန်ထမ်းလေးက ရုန်းရင်းဆန်ခတ် လုပ်လိုက်လို့ ဆိုင်ရှင်က လွတ်သွားတာ။ သဲသဲမဲမဲ ဖြစ်သွားတော့ ပြန်ပေးသမားတွေလည်း လူကိုမဖမ်းနိုင်တော့ဘဲ ဖုန်းနဲ့ ပိုက်ဆံပဲ ယူပြေးသွားကြတယ်" လို့ ဖြစ်စဉ်ကို သိရှိသူတဦးက ပြောပါတယ်။
ဒီလိုအလားတူပဲ မြို့သစ် နွယ်နီလမ်း မီးရထားဝန်ထမ်းလိုင်းမှာ မွန်းတည့်၁၂ နာရီဝန်းကျင်က ဓားပြတိုက်ခံရလို့ ငွေသိန်းတရာကျော်နဲ့ ဆိုင်ကယ်တစီးအပြင် သမီးဖြစ်သူဝတ်ဆင်ထားတဲ့ လက်ဝတ်ပစ္စည်း​တွေ အကုန်ပါသွားတယ်လို့ လုံခြုံ​ရေးအဖွဲ့နဲ့နီးစပ်သူဆီကသိရပါတယ်။
အလားတူ ဒီက​နေ့ ​​ဖေ​ေဖာ်ဝါရီ ၃ရက် မနက်ပိုင်းကပဲ ပခုက္ကူတံတားနားမှာ အမျိုးသမီးတ​ယောက်ကိုအမျိုးသားတ​ယောက်က ဓားနဲ့ထိုးပြီးထွက်ပြေးသွား​ကြောင်းသိရပါတယ်။
ဒီလပိုင်း​တွေအတွင်း ပခုက္ကူမှာ ပြန်​ပေးမှု၊ ဓါးပြမှု စတဲ့ ဒုစရိုက်မှု​တွေ​ကြောင့် ​ဒေသခံ​တွေစိုးရိမ်မှု မြင့်တက်​နေသလို ​ငွေ​ကြေးချမ်းသာသူတချို့ဟာ ဒီနှစ်ပိုင်း​တွေအတွင်း တခြားမြို့​တွေကို​​ရွေ့​ပြောင်းတာ ရှိ​နေတယ်လို့မြို့ခံ​တွေက​ပြောပါတယ်။

image