နယူးကာဆယ်ကွင်းလယ်လူတိုနာလီကို ပေါင်သန်း ၁၀၀ ဖြင့် ခေါ်ယူရေး အာဆင်နယ်အပါအဝင် ပရီးမီးယားလိဂ်ကလပ် ၃ ခု အပြိုင်ကြိုးပမ်းနေ
==================
နယူးကာဆယ်ဟာ လာမယ့် နွေရာသီတွင် ကွင်းလယ်ကစားသမားဆန်ဒရိုတိုနာလီကို အသင်းတွင် ဆက်ထိန်းထားနိုင်ရေး အစွမ်းကုန် ကြိုးပမ်းလာရဖို့ ရှိနေပါတယ်။
အာဆင်နယ်ဟာ ဇန်နဝါရီ အပြောင်းအရှေ့ဈေးကွက်တုန်းက အသက် ၂၅ နှစ်ရှိ အီတလီကွင်းလယ်ကစားသမားကို ခေါ်ယူရေး ဆက်သွယ်ခဲ့ကြောင်း သတင်းထွက်ခဲ့ပေမယ့် နယူးကာဆယ်ဘက်က ငြင်းဆိုထားပါတယ်။
ဒါ့အပြင် အေစီမီလန်ကွင်းလယ်ကစားသမားရဲ့အေးဂျင့် ဂူဆက်ပီရီဆိုကလည်း ဇန်နဝါရီတွင် အသင်းပြောင်းရန် အစီအစဉ် မရှိခဲ့ကြောင်း လူသိရှင်ကြား ဆိုထားပါတယ်။
ဒါပေမယ့် နွေရာသီ အပြောင်းအရွှေ့ဈေးကွက် ပြန်လည်ဖွင့်လှစ်လာချိန်မှာတော့ အပြောင်းအလဲ ဖြစ်လာဖို့ ရှိနေပါတယ်။
အာဆင်နယ်အပါအဝင် ပရီးမီးယားလိဂ်ကလပ် ၃ ခုတို့ဟာ ဆန်ဒရိုတိုနာလီအား ပေါင်သန်း ၁၀၀ ဖြင့် ခေါ်ယူရေး အပြိုင် ကြိုးပမ်းလာဖို့ ရှိနေပါတယ်။
အာဆင်နယ်နည်းပြမီခေးလ်အာတီတာမှာ တိုနာရီရဲ့ အမာခံပရိသတ်တစ်ဦးဖြစ်ပြီး ကွင်းလယ်တွင် ဒီကလန်ရိုက်နှင့် တွဲဖက်လာပါက ပြီးပြည့်စုံတဲ့ ကွင်းလယ်ပိုင်ဆိုင်လာမယ်လို့ ယုံကြည်နေပါတယ်။
မန်စီးတီးနည်းပြဂွါဒီယိုလာမှာလည်း တိုနာလီရဲ့ အမာခံပရိသတ်တစ်ဦးဖြစ်ပြီး နယူးကာဆယ်နောက်တန်းအစွန်လူတီနိုလီဗရာမန်တိုကိုလည်း ခေါ်ယူလိုနေပါတယ်။
ဒါ့အပြင် ချဲလ်ဆီးမှာလည်း တိုနာလီရဲ့ အခြေအနေကို အနီးကပ်စောင့်ကြည်နေပါတယ်။
တကယ်လို့များ နယူးကာဆယ်သာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် မရရှိလာပါက တိုနာလီမှာ အသင်းပြောင်းရေး ကြိုးပမ်းလာဖို့ ရှိပါတယ်။
ဒါပေမယ့် တိုနာလီဟာ နည်းပြအက်ဒီဟောင်းနှင့် ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိတဲ့အပြင် လောင်းကစားမှုကြောင့် ပွဲပယ်ခံထားရစဉ်အတွင်း အပြည့်အဝ အကူအညီပေးထားတဲ့ ကလပ်ရဲ့ လုပ်ရပ်အပေါ် ကျေနပ်နေမှုနှင့်အတူ အသင်းပြောင်းခွင့်ရရေးအတွက် အလက်ဇန္ဒားအီဆက်ခ်ကဲ့သို့ သပိတ်မှောက်လာဖို့တော့ မရှိပါဘူး။