အာဆင်နယ်ဂန္ထဝင်ဘားကမ့်ရဲ့ သမီးနှင့် စေ့စပ်လာတဲ့ ဒွန်နီဗန်ဒီဘစ်ခ်
====================
ဒွန်နီဗန်ဒီဘစ်ခ်ဟာ ဒင်းနစ်ဘားကမ့်ရဲ့ သမီးအက်စ်တယ်လီနှင့် စေ့စပ်လိုက်ပြီ ဖြစ်ပါတယ်။
အသက် ၂၈ နှစ်ရှိ ယူနိုက်တက်စတားဟောင်းဟာ ၂၀၁၉ ခုနှစ်တုန်းက အေဂျက်စ်တွင် ကစားနေစဉ်ကတည်းက အက်စ်တယ်လီနှင့် ချစ်ကြိုက် လက်တွဲလာခဲ့တာပါ။
၎င်းတို့ စုံတွဲတွင် အသက် ၃ နှစ်အရွယ် သမီးတစ်ဦးနှင့် အသက် ၂ နှစ်အရွယ် သားတစ်ဦး ထွန်းကားထားပြီး ဖြစ်ပါတယ်။
ယခုအခါမှာ ဗန်ဒီဘစ်ခ်က လက်ထပ်ခွင့်တောင်းလာမှုအား အက်စ်တယ်လီက လက်ခံလာမှုနှင့်အတူ လက်ထပ်လာကြတော့မှာ ဖြစ်ပါတယ်။
အက်စ်တယ်လီနှင့် စေ့စပ်လာတဲ့ ဒွန်နီဗန်ဒီဘစ်ခ်အား ယူနိုက်တက်ကစားဖော်ဟောင်းများနှင့် နယ်သာလန်ကစားဖော်များက ဆုမွန်ကောင်းတောင်းပေးနေကြပါတယ်။
ဗန်ဒီဘစ်ခ်ဟာ ၂၀၂၄ ခုနှစ်တွင် ယူနိုက်တက်မှ ထွက်ခွာကာ ဂီရိုနာသို့ ပြောင်းခဲ့သူ ဖြစ်ပြီး ယခုရာသီတွင် ၂ ပွဲတည်းသာ ကစားခွင့်ရထားပါတယ်။

image